Director_greeting

Mr. Shunichi Akahata

Mr.Shunichi Akahata

 

"တကယ်လုပ်လျှင် အဟုတ်ဖြစ်မည်၊ ကြိုးစားသည့် လူအတွက် အခွင့်အရေးက အမြဲရှိသည်။"
ဆိုတဲ့ အဓိကခံယူချက်ကို Myanmar DCR Co.Ltd မှ ဝန်ထမ်းအားလုံးကို နက်နက်ရှိုင်းရှိုင်း သဘောပေါက် စေခဲ့ပါတယ်။ သက်ကြီးရွယ်အိုတိုးပွားလာပြီး လူငယ်နည်းပါးလာသော ဂျပန်နိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့်၊ IT/ ဂျပန်စာအရည်အချင်း မြင့်မားတဲ့ မြန်မာလူငယ်များကို ဂျပန်နိုင်ငံရဲ့ IT လောကနှင့်အတူ မဝေးသောအနာဂတ်တွင် ပြောင်မြောက်သောBrand Imageကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်သည်DCR Co.Ltd၏ နိုင်ငံရပ်ခြားလုပ်ငန်း တိုးချဲ့ရန်အတွက် တာဝန်ရှိသူအနေနှင့် အထူးသဖြင့် တရုတ်နှင့် အာဆီယံ အစရှိတဲ့ နိုင်ငံအများအပြားကို သွားရောက်လေ့လာခဲ့ပါတယ်။ ၂၀၀၆ခုနှစ်နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံကို ရောက်ရှိပြီး လေ့လာရန် အခွင့်အလမ်းရရှိခဲ့ပါတယ်။ မြန်မာလူမျိုးများဟာ ဂျပန်လူမျိုးများနှင့် အလွန်တူသော အချက်များစွာရှိပါတယ်။ အဓိကတူညီသော အချက်ကတော့ တဘက်လူကို ဦးစားပေး စဉ်းစားသောအချက်ဖြစ်ပါတယ်။ ထို့ကြောင့် ဂျပန်လူမျိုး Customer များ၏ အောင်မြင်မှု အတွက် မြန်မာလူမျိုးများကလည်း ဂျပန်လူမျိုးများနည်းတူ ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်မည်ဟု ထင်ပါတယ်။ မြန်မာလူမျိုး များဟာ နည်းပညာနှင့်ပက်သက်တဲ့ အသိပညာဗဟုသုတများတွင် လိုအပ်ချက်များရှိသည်ကို သိရှိရသောကြောင့် ကုမ္ပဏီဝန်ထမ်းများအား အမျိုးမျိုးသော IT Training များအပြင် ဂျပန်စာနှင့်ပတ်သက်တဲ့ Trainingများကိုလည်း လက်တွေ့ သင်ကြားပေးလျှက်ရှိပါတယ်။ တဖန် IT နည်းပညာအပြင် ဂျပန်စာတွင် အရည်အချင်း ရှိသောဝန်ထမ်းများကို ဂျပန်၊ထိုင်း စသောနိုင်ငံများဆီသို့ စေလွှတ်လျှက်ရှိပါတယ်။ ဝန်ထမ်းများကလည်း အဆက်မပြတ် တိုးတက်နေသော နည်းပညာများကို အမှီလိုက်ပြီး မိမိတို့ရဲ့ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ပြီး ဂျပန် မြန်မာနှစ်နိုင်ငံ အကျိုးအတွက် ဆောင်ရွက်နိုင်မည့် ကုမ္ပဏီတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်။