Manager Greeting

Mr.Masahiko Kobayashi General Manager

Mr.Masahiko Kobayashi

"ဘာသာစကား၊ ဓလေ့ထုံးစံ နဲ့ ယဉ်ကျေးမှု စတဲ့ကွာဟမှုတွေကို ဖယ်ရှားပြီး ကျွန်တော်တို့ ဂျပန်လူမျိုး ဝန်ထမ်းတွေဟာ ဂျပန်ရဲ့စံသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ အရည်အသွေးမြင့်မားတဲ့Systemတွေ ရရှိဖို့ System Developmentအပိုင်းမှာ တာဝန်ယူဦးဆောင်နေပါတယ်။ မနက်ခင်းစုဝေးချိန်၊ အစည်းအဝေး၊  မေးလ်ပေးပို့ခြင်းနဲ့အမျိုးမျိုးသောအစီရင်ခံရေးသားခြင်းများကို ဂျပန်ဘာသာနဲ့ပဲ ပြုလုပ်ပါတယ်။  မြန်မာနိုင်ငံဟာ တကယ့်ကို လုံခြုံပြီး နေထိုင်ရအဆင်ပြေတဲ့ နိုင်ငံပါပဲ။ ´ပြောမယုံကြုံဖူးမှသိ´ ဆိုတဲ့ စကားအတိုင်းပဲ၊ အားလုံးကို မြန်မာနိုင်ငံလာပြီး လက်တွေ့လေ့လာဖို့ဖိတ်ခေါ်လိုပါတယ်။"

Mr.Satoshi Niimi Senior Manager

Mr.Satoshi Niimi

"Customerတွေကို အကောင်းဆုံးသော ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ဝန်ထမ်းတစ်ဦးချင်းစီက သူတို့ရဲ့ရည်ရွယ်ချက်တွေကို သတ်မှတ်ထားပြီး နည်းပညာပိုင်းမှာလည်း တိုးတက်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ဂျပန်လူမျိုး ဝန်ထမ်းတွေဟာ ဒီလိုကြိုးစားအားထုတ်မှုတွေကို ဦးဆောင်လမ်းညွှန်မှုတွေ လုပ်ပေးနေပါတယ်။ မြန်မာကို မလာခင်ကတော့ မြန်မာနဲ့ပတ်သက်တဲ့ ကောင်းတဲ့သတင်းတွေကို မသိခဲ့ပါဘူး။ ဒါပေမယ့် တကယ်ဒီမှာ နေကြည့်တော့မှပဲ မြန်မာလူမျိုးတွေဟာ သဘောကောင်းပြီး၊ မြန်မာဆိုတာ ငြိမ်းချမ်းပြီး လုံခြုံတဲ့ နိုင်ငံတစ်ခုလို့ ခံစားမိပါတယ်။"

Mr.Yoshio Hoshino Manager

Mr.Yoshio Hoshino

"MyanmarDCR ရှိ မြန်မာလူမျိုးဝန်ထမ်းများသည် ကျွန်တော်တို့ဂျပန်လူမျိုးများ သတိမထားမိသည့် ရှုထောင့်အမြင်တွေ ရှိကြသူများ ဖြစ်ပါတယ်။ "Customer"ဆိုတဲ့စာလုံးအဓိပ္ပါယ်ကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ပြီး တစ်ဖက်သားကို အလေးထားတဲ့ အတွေးအခေါ်နဲ့ အပြုအမူလှုပ်ရှားမှု  တွေကလဲ တော်တော်လေးစားအားကျစရာ ကောင်းပါတယ်။ ဒီလိုမျိုး မြန်မာလူမျိုးတွေရဲ့ ထူးခြားတဲ့ရှုထောင့်အမြင်နဲ့ ဂျပန်နိုင်ငံရဲ့နည်းပညာစွမ်းရည်ကို ပေါင်းစည်းပြီး ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားရတဲ့ ဂျပန်နိုင်ငံရဲ့ ကုန်ပစ္စည်းများ အရည်အသွေး ကောင်းမွန်ခြင်းဆိုတဲ့အရာကို မြန်မာနိုင်ငံမှာလည်းပဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ပါတယ်။ MyanmarDCRဟာ မြင့်မားတဲ့ နည်းပညာစွမ်းရည်နဲ့ ကောင်းမွန်တဲ့အရည်အသွေး ပေးစွမ်းနိုင်သော အရည်အတွက်နည်းပါးတဲ့ ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူနေမိပါတယ်။"

Mr.Kyaw Min Oo Manager

Mr.Kyaw Min Oo

"ယခုလက်ရှိ MyanmarDCR ဟာ planning၊ design အဆင့်ကစလို့ programming၊ testing နဲ့ maintenance အဆင့်တွေအထိ System Development လုပ်ငန်းကို လုပ်ဆောင်နေပါတယ်။ MyanmarDCRဟာ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တဲ့၊ Software development နဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်း လိုချင်တဲ့ မြန်မာလူငယ်လေးတွေအတွက် အခွင့်အရေးတွေ ရရှိနိုင်တဲ့ တစ်ခုတည်းသော ဂျပန်ကုမ္ပဏီဖြစ်ပါတယ်။"

Ms.Myo Zar Phyu Win Manager

Ms.Myo Zar Phyu Win

"လုပ်ငန်းအတွေ့အကြုံရင့်ကျက်လှတဲ့ ဂျပန်လူမျိုးမန်နေဂျာတွေရဲ့ လက်အောက်မှာ အရည်အသွေး၊ ကုန်ကျစရိတ်၊ Delivery စတဲ့ အချက်တွေကို အဓိက အလေးထားပြီး Systemတွေကိုဖန်တီးနေပါတယ်။  မြန်မာလူငယ်တွေအနေနဲ့ Global အထိအောင်မြင်မှုရရှိအောင် ရည်ရွယ်ပြီး ကိုယ်ပိုင်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။"

Mr.Toe Myint Soe Manager

Mr.Toe Myint Soe

"MyanmarDCR ကအဓိကအားဖြင့် ဂျပန်နိုင်ငံ ကအလုပ်တွေကိုလုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဂျပန်နိုင်ငံက အရည်အသွေးနဲ့ ပက်သက်လာရင် အရမ်းဂရုစိုက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီကဝန်ထမ်းတွေအတွက် အရည်အသွေးကို ကောင်းအောင်လုပ်ဆောင်နိုင်တဲ့ အလေ့အကျင့်ကောင်းကို ရရှိစေပါတယ်။  နိုင်ငံရပ်ခြားမှလုပ်ငန်းတွေဖြစ်တဲ့အတွက် မြန်မာလူငယ်ပရိုဂရမ်မာများအတွက်လည်း အတွေ့အကြုံ  ကောင်းတွေကို ရယူပိုင်ဆိုင်နိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ မိမိရဲ့အနာဂတ်အတွက် ရည်မှန်းချက်ကြီးမားတဲ့ လူငယ်များအတွက်အသင့်တော်ဆုံးကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။"