ဂျပန်စာနှင့် ITအရည်အချင်းပိုမိုတိုးတက်လာစေရန် Education Committee မှသင်ကြားရေးအစီအစဉ်များကို စီစဉ်ပြီး ဦးဆောင်ဆောင်ရွက်လျက်ရှိပါသည်။ ဝန်ထမ်းများလေ့လာနိုင်ရန်အတွက် ကုမ္ပဏီတွင်းစာကြည့်တိုက် ထားရှိပြီး ပံ့ပိုးပေးလျက်ရှိပါသည်။
ရည်ရွယ်ချက် Education committee၏အဓိကရည်ရွယ်ချက်
အခြေခံနည်းပညာများ(Business Manner, IT Basic Knowledge)ကိုသင်ကြားပေးခြင်း ဝန်ထမ်းများ၏ အရည်အချင်းတိုးတက်အောင် OJTများဖြင့် စီစဉ်သင်ကြားပေးခြင်း ဝန်ထမ်းများ၏ Career Path များအောင်မြင်စေရန် သင်ကြားလမ်းညွှန်ပေးခြင်း
ဝန်ထမ်းသစ်များသည် Basic Programming Knowledgeများကို ပါတနာကုမ္ပဏီဖြစ်သော KMD Computer Center တွင် သွားရောက်သင်ယူကြရပါသည်။ ထိုသင်တန်းများပြီးဆုံးသည့်အခါတွင် တခြားသော IT Knowledge များကို ကုမ္ပဏီအတွင်း OJTများဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။ထို့အပြင် ဝန်ထမ်းတစ်ယောက်ချင်းစီ၏ အနာဂတ်ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော Knowledge များကိုလည်း သင်ကြားပေးလျက်ရှိပါသည်။
Web Design | ・Macromedia Dreamweaver | ・Macromedia Fireworks | ・HTML, CSS |
---|---|---|---|
Programming | ・ASP.Net | ・C#.Net | ・VB.Net |
・Java Servlet | ・Strut1, Strut2 | ・PHP | |
・Android | ・Ruby | ・Silverlight | |
Database | ・Microsoft Access | ・MySQL | ・SQL Server |
・Oracle | ・DB2 | ||
Server | ・Networking Basic | ・Linux Basic | |
Documentation | ・Requirement Definition | ・System Design | ・Detail Design |
・System Flow | ・Design Pattern | ・UML Design | |
・Development Process | |||
Management/ Consultant | ・Leadership | ・Project Management | ・Consulting Methodology |
ဂျပန်စာသင်တန်းများကို ပါတနာကုမ္ပဏီဖြစ်သော Momiji Japanese Language School တွင်သွားရောက်သင်ယူကြရပါသည်။ ဝန်ထမ်းများအားလုံးက ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N1 ကိုအောင်မြင်ဖို့ ရည်ရွယ်ချက်ထားရှိထားကြပါတယ်။