ကုမ္ပဏီမိတ်ဆက်

会社概要
Myanmar DCR Co., Ltd. သည် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပထမဆုံး ၁၀၀% ဂျပန်ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်တည်ထောင်ထားသော IT ကုမ္ပဏီဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များအတွက်လည်း အမျိုးစုံသော IT ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိပါသည်။

ကုမ္ပဏီတည်ထောင်ချိန်မှစ၍ “မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တံတားတစ်စင်းဖြစ်ရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာအင်ဂျင်နီယာများနှင့် ဂျပန်ကုမ္ပဏီများအကြား ယုံကြည်မှုအခြေပြု ဆက်ဆံရေးများကို တည်ဆောက်လာခဲ့ပါသည်။

အနာဂတ်တွင်လည်း မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အတွက် တန်ဖိုးရှိသော မိတ်ဖက်တစ်ဦးအဖြစ် ရပ်တည်နိုင်ရေးအတွက် ကြိုးစားလျက်၊ နိုင်ငံတကာအဆင့်မှီ IT ဝန်ဆောင်မှုများကို ဆက်လက်ပေးဆောင်သွားမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုများ

မိတ်ဆက်စကား

伊藤 紀郎
Mr. Ito Norio
Chief Operating Officer

Myanmar DCR ကုမ္ပဏီစတင်တည်ထောင်ခဲ့သည်မှာ ၂၀၂၂ခုနှစ်တွင် ၁၅နှစ်ပြည့်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီစတင်ခဲ့သည့် ၂၀၀၈ခုနှစ်အချိန်မှစ၍ အမျိုးမျိုးသော အခြေအနေပြောင်းလဲမှုများရှိခဲ့ပြီး ယခုအချိန်မှာပင် ကြီးမားသော အပြောင်းအလဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသော်လည်း customerများ၏ ပံ့ပိုးကူညီမှုဖြင့် ဆက်လက်တိုးတက်အောင်မြင်နေခဲ့ပါတယ်။ Offshore Developmentတွေမှာ နည်းပညာပိုင်းတွေအပြင် ဂျပန်လူမျိုးများနှင့် ပြေပြစ်သောဆက်ဆံရေး၊ ပြည့်စုံကောင်းမွန်သော အရည်အသွေး၊ လုပ်ငန်းဆောင်တာများအပေါ် စီမံခန့်ခွဲမှု အစရှိတာတွေနှင့်ပတ်သက်ပြီး customerတွေကအမျိုးမျိုးသော အခက်အခဲတွေကို ကြုံတွေ့နေရပေမယ့် ဂျပန်ဘာသာစကား အထူးကျွမ်းကျင်သော မြန်မာဝန်ထမ်းများမှ ထိုအခက်အခဲတွေကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းက ကျွန်ုပ်တို့ ကုမ္ပဏီ၏ ထူးခြားချက်ဖြစ်ပါတယ်။