ဆာဗာတည်ဆောက်မှုဝန်ဆောင်မှု
Active Directory တည်ဆောက်ခြင်း
-
-
Active Directory (AD) ပတ်ဝန်းကျင်အသစ်ကို တည်ထောင်ရန်လိုသူ၊ ရှိပြီးသား domainတစ်ခုကို အဆင့်မြှင့်တင်ရန်လိုသူ၊ သို့မဟုတ် domainအသစ်တစ်ခုသို့ လိုသည့် သုံးစွဲသူများအတွက် လိုအပ်ချက်သတ်မှတ်ခြင်း၊ ဒီဇိုင်းများရေးဆွဲခြင်း၊ တပ်ဆင်ခြင်းနှင့် စနစ်ထိန်းသိမ်းမှု အထိ အပြည့်အဝထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။
ဤသည်မှာAD ဆာဗာ အသုံးပြုခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများဖြစ်ပါသည်။
- အသုံးပြုသူအကောင့်များကို ဗဟိုထိန်းချုပ်စနစ်ဖြင့် စီမံခန့်ခွဲနိုင်ခြင်း
- Client PC များ၏ ဆက်တင်များကို ဗဟိုမှ ပြုပြင်ပြောင်းလဲနိုင်ခြင်း
- Server အသုံးပြုခွင့် ခွင့်ပြုချက်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း
- Printer နှင့် အခြားစက်ပစ္စည်းများအတွက် အသုံးပြုခွင့်များကို စီမံခန့်ခွဲနိုင်ခြင်း
- Domain တစ်ခုလုံးအတွက် ပေါင်းစည်းထားသော လုံခြုံရေးဆက်တင်များ
- စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို သိသာစွာ လျှော့ချနိုင်ခြင်း
ဖိုင်ဆာဗာ၊ NAS တည်ဆောက်မှု
-
-
လုပ်ငန်းလည်ပတ်မှုချောမွေ့စေရန်အတွက် အရေးကြီးသောဒေတာများကို ဘေးကင်းလုံခြုံပြီး လွယ်ကူစွာ ဝင်ရောက်အသုံးပြုနိုင်သည့် ပတ်ဝန်းကျင်ရှိရန် မရှိမဖြစ်လိုအပ်ပါသည်။ထို့အပြင် ဒေတာအပ်ဒိတ်လုပ်ခြင်းနှင့် ဖိုင်များကို မျှဝေခြင်းကို ထိရောက်စွာ ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုလည်း လိုအပ်ပါသည်။ ဤလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဒေတာနှင့် ဖိုင်များကို ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲနိုင်သည့် ဖိုင်ဆာဗာများသည် လုပ်ငန်းလည်ပတ်မှုတွင် မရှိမဖြစ် လိုအပ်လာခဲ့ပါသည်။ ဖိုင်ဆာဗာများနှင့် အလားတူလုပ်ဆောင်နိုင်စွမ်းကို ပေးဆောင်သည့် Network-Attached Storage (NAS) ကိုလည်း ရွေးချယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ကုမ္ပဏီသည် Customerများလိုအပ်ချက်အရ အကောင်းဆုံးဖိုင်ဆာဗာ သို့မဟုတ် NAS ကို စီမံခန့်ခွဲခြင်းနှင့် တပ်ဆင်ပေးနိုင်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။
ဤသည်မှာဖိုင်ဆာဗာ တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးများဖြစ်ပါသည်။
- သင့်လျော်သောအသုံးပြုသူစီမံခန့်ခွဲနိုင်ခြင်း
- သတင်းအချက်အလက်ပေါက်ကြားခြင်းမှ ကာကွယ်နိုင်ခြင်း
- ဒေတာနှင့် ဖိုင်များ၏ ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲနိုင်ခြင်းနှင့် အပ်ဒိတ်လုပ်နိုင်ခြင်း
- လုပ်ငန်းလည်ပတ်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း
ဗိုင်းရပ်စ်စီမံခန့်ခွဲမှုဆာဗာ (SEP) တည်ဆောက်မှု
-
-
ကျွန်ုပ်တို့သည် Symantec Endpoint Protection (SEP) ဆာဗာ တပ်ဆင်ခြင်း ဝန်ဆောင်မှုကို ပံ့ပိုးပေးပါသည်။ SEP သည် လုပ်ငန်းများအတွက် အထူးဒီဇိုင်းပြုလုပ်ထားသော အဆင့်မြင့် လုံခြုံရေး ဆော့ဖ်ဝဲဖြစ်ပါသည်။ ၎င်းသည် အင်တာနက်ဗိုင်းရပ်စ် ကာကွယ်ခြင်း၊ spyware ကာကွယ်ခြင်း၊ networkတိုက်ခိုက်မှုများမှ ကာကွယ်ခြင်း၊ network ချိတ်ဆက်ခွင့် ထိန်းချုပ်ခြင်း၊ client စက်ပစ္စည်းများ စီမံခန့်ခွဲမှု၊ သတင်းအချက်အလက်ပေါက်ကြားမှုကာကွယ်ခြင်းနှင့် network သီးသန့်ခွဲထားခြင်းတို့အပါအဝင် ကျယ်ပြန့်သောစနစ်များကို ထောက်ပံ့သည့် လုံခြုံရေး ဖြေရှင်းချက် တစ်ခု ဖြစ်ပါသည်။
ဤသည်မှ ဗိုင်းရပ်စ် စီမံခန့်ခွဲမှု ဆာဗာ (SEP) တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးများဖြစ်ပါသည်။
- Client terminal များသို့ ဗိုင်းရပ်စ်ဖိုင်အတည်ပြုခြင်းများကို အလိုအလျောက်ဖြန့်ဝေခြင်းနှင့် Update ပြုလုပ်ခြင်း
- ဗိုင်းရပ်စ်များနှင့် Spyware များကို ရှာဖွေခြင်းနှင့် ပိတ်ဆို့ခြင်း
- Client terminal များအတွက် လုံခြုံရေးမူဝါဒများကို ပြင်ဆင်သတ်မှတ်နိုင်ခြင်း
- USB memory stick များကဲ့သို့သော ပြင်ပကိရိယာများကို ထိန်းချုပ်နိုင်ခြင်း
- ကွန်ရက်တိုက်ခိုက်မှုအန္တရာယ်များကို တားဆီးနိုင်ခြင်း
- Client Terminals များကို စီမံခန့်ခွဲခြင်း၊ အခြေအနေ စောင့်ကြည့်ခြင်းနှင့် အစီရင်ခံစာ ထုတ်ယူနိုင်ခြင်း
Zabbix စောင့်ကြည့်ရေးဆာဗာတည်ဆောက်မှု
-
-
Zabbix သည် Open Source Software (OSS) အမျိုးအစားဖြစ်ပြီး၊ ဆာဗာများ၊ ကွန်ယက်များ၊ Applicationများနှင့် အခြားအရာများကို ဗဟိုချုပ်ကိုင်မှုဖြင့် စောင့်ကြည့်ခြင်းအား လုပ်ဆောင်နိုင်သည့် softwareတစ်ခု ဖြစ်ပါသည်။
Zabbix သည် အောက်ပါ လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ ပံ့ပိုးပေးပါသည်။
- ဒေတာဘေ့စ် စောင့်ကြည့်ခြင်း
- Applications စောင့်ကြည့်ခြင်း
- Web၊ အီးမေးလ်နှင့် ဖိုင်ဆာဗာများကို စောင့်ကြည့်ခြင်း
- Hardware စောင့်ကြည့်ခြင်း
- စွမ်းဆောင်ရည် စောင့်ကြည့်ခြင်း
- SNMP agent ပံ့ပိုးခြင်း
- စိတ်ကြိုက်အင်္ဂါရပ်များ ပြင်ဆင်ခြင်း
- အီးမေးလ် အသိပေးချက် လုပ်ဆောင်ခြင်း
Zabbix ဆာဗာတစ်ခုကို အသုံးပြုခြင်းအားဖြင့် ကုမ္ပဏီအတွင်း ကွန်ယက်နှင့် ဆာဗာများကို စောင့်ကြည့်နိုင်ပြီး ဖြစ်နိုင်ချေရှိသော ချို့ယွင်းချက်များ၊ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်တာဝန်များကို လျှော့ချပေးနိုင်ခြင်းနှင့် ကုန်ကျစရိတ်လျှော့ချရန်လည်း ကူညီပေးနိုင်ပါသည်။
Linux ဆာဗာတည်ဆောက်မှု
-
-
ကျွန်ုပ်တို့သည် Linux စနစ်အမျိုးမျိုးအတွက် တည်ဆောက်ခြင်း၊ ဖွဲ့စည်းခြင်းနှင့် ဆာဗာSoftware တပ်ဆင်ခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
Virtualization ဆာဗာတည်ဆောက်မှု
-
-
virtual ဆာဗာများ တပ်ဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ Windows သို့မဟုတ် Linux ကဲ့သို့သော Guest OS စနစ်များကိုထည့်သွင်းခြင်းနှင့်အတူ Customer၏ သီးခြားပတ်ဝန်းကျင်နှင့် လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေသော Applicationဆက်တင်များ ပြင်ဆင်ခြင်း စသည့် ဝန်ဆောင်မှုများကို အကောင်းဆုံး အကြံပေးပြီး အကောင်အထည်ဖော်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။