ပညာရေးစနစ်
ပညာရေးစနစ်
ပညာရေးစနစ်

ပညာရေးစနစ်

Myanmar DCR Co., Ltd. သည် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းရည်မြှင့်တင်မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မှုများအတွက် အထောက်အကူပြုရန်
ပြည့်စုံသော ပညာရေးစနစ်ကို ဖန်တီးထားပါသည်။ အထူးသဖြင့် ဂျပန်ဘာသာစကားနှင့် အိုင်တီပညာရေးကို အဓိကထား၍ ဂျပန်ကုမ္ပဏီများတွင် လိုအပ်သော လုပ်ငန်းခွင်ဆိုင်ရာ အသိပညာနှင့် ကျင့်ဝတ်များကို သင်ယူနိုင်သည့် ပတ်ဝန်းကျင်ကို ပံ့ပိုးပေးထားပါသည်။ ဂျပန်လုပ်ငန်းခွင်တွင် အလုပ်လုပ်လိုသူများအတွက် လက်တွေ့ကျသော ကျွမ်းကျင်မှုများကို
ရရှိစေရန် ကူညီပံ့ပိုးပြီး နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပါသည်။

ရည်ရွယ်ချက်

Education committee ၏အဓိကရည်ရွယ်ချက်

  • ≻ ဂျပန်ဘာသာစကားအရည်အချင်း တိုးတက်စေရန်နှင့် လုပ်ငန်းခွင်သုံး ဂျပန်စကားပြော၊ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားပေးခြင်း
  • ≻ စွမ်းရည်မြှင့်တင်ရေးအတွက် အမျိုးမျိုးသော သင်တန်းအစီအစဉ်များကို စီစဉ်ပေးခြင်းနှင့် ပြုလုပ်ပေးခြင်း
  • ≻ ဝန်ထမ်းတစ်ဦးချင်းစီ၏ အလုပ်အကိုင်လမ်းကြောင်းကို အကောင်အထည်ဖော်နိုင်ရန် အမျိုးမျိုးသော သင်တန်းအစီအစဉ်များကို စီစဉ်ပေးခြင်း

IT Training

ဝန်ထမ်းသစ်များသည် ပါတနာကုမ္ပဏီဖြစ်သော KMD Computer Center တွင် Programming အခြေခံအသိပညာများကို သင်ယူကြရပါသည်။
ထိုသင်တန်းများပြီးဆုံးပြီးနောက်တွင် ကုမ္ပဏီအတွင်း၌ ပိုမိုအထူးပြုသော တခြားသော IT ဆိုင်ရာ အသိပညာများနှင့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကို ရရှိစေရန်
On-the-Job Training (OJT)ဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။ ဤလုပ်ဆောင်ချက်များမှတဆင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ တိုးတက်မှုနှင့် ကုမ္ပဏီတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု
နှစ်ခုစလုံးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။

External IT Training

KMD Computer Center

In-house IT Training

Company Training
Web Design Programming Database Server Documentation Management/ Consultant
Macromedia
Dreamweaver
ASP.Net
Java Servlet
Android
Microsoft Access
Oracle
Networking Basic Requirement Definition
System Flow
Development Process
Leadership
Macromedia Fireworks C#.Net
Strut1, Strut2
Ruby
MySQL
DB2
Linux Basic System Design
Design Pattern
Project Management
HTML, CSS VB.Net
PHP
Silverlight
SQL Server _ Detail Design
UML Design
Consulting Methodology

ဂျပန်စာသင်ကြားပေးခြင်း

ဂျပန်စာသင်တန်းများကို ပါတနာကုမ္ပဏီဖြစ်သော ရန်ကုန်ရှိ CIC Japanese Language Center တွင် လည်းကောင်း၊ မန္တလေးရှိ MARUI Japanese Center တွင် လည်းကောင်း သွားရောက်သင်ယူကြရပါသည်။ ဤသင်တန်းများမှတဆင့် ဝန်ထမ်းများ၏ ဂျပန်ဘာသာဆက်သွယ်နိုင်စွမ်းကို တိုးတက်စေရန်နှင့် လုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်သော
ဂျပန်ဘာသာကျွမ်းကျင်မှုများကို ရရှိစေရန် ရည်ရွယ်ထားပါသည်။

External Japanese Language Training

In-house Japanese Training

  • ဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ (JLPT) အတွက် ပံ့ပိုးမှု

    ဝန်ထမ်းများအကြား အဖွဲ့လိုက် ဆွေးနွေးပွဲများ

    ဂျပန်စာအက္ခရာရေးသင်တန်းများမှတဆင့် ယဉ်ကျေးမှုနားလည်မှု တိုးတက်စေခြင်း

    လက်တွေ့စကားပြောကျွမ်းကျင်မှု တိုးတက်စေရန် စကားပြောသင်တန်းများ

    လူအများ‌ရှေ့တွင် ပြောဆိုနိုင်စွမ်း တိုးတက်စေရန် Presentation လေ့ကျင့်မှု