ကုမ္ပဏီသို့ ဝင်ရောက်ပြီးနောက် ဝန်ထမ်းများအတွက်IT နည်းပညာ၊ ဂျပန်ဘာသာစကား စသည်တို့ အပါအဝင် Training Course များကို စနစ်တကျ စီစဉ်ပေးပြီး၊
ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အချင်းကို အများဆုံးမြှင့်တင်နိုင်ရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။
ဝန်ထမ်းတစ်ဦးချင်းစီ၏ တိုးတက်မှုသည် ကုမ္ပဏီ၏ တိုးတက်မှုဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပြီး ဆက်လက်မပြတ် လေ့လာသင်ယူနိုင်မည့်
အခွင့်အလမ်းများကို အစဉ်မပြတ် ပံ့ပိုးပေးလျက်ရှိပါသည်။
ထို့အပြင် ဝန်ထမ်းတစ်ဦးချင်းစီ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်နှင့်
မိမိ၏ Career Path ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် လမ်းညွှန်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။