မိတ်ဆက်စကား
မိတ်ဆက်စကား
မိတ်ဆက်စကား

မိတ်ဆက်စကား

ဥက္ကဋ္ဌ၏မိတ်ဆက်စကား

  • Mr. Ito Norio (COO)

    Myanmar DCR ကုမ္ပဏီ စတင်တည်ထောင်ခဲ့သည်မှာ ၂၀၂၂ ခုနှစ်တွင် ၁၅ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီ စတင်ခဲ့သည့် ၂၀၀၈ ခုနှစ်အချိန်မှစ၍ အမျိုးမျိုးသော အခြေအနေ ပြောင်းလဲမှုများရှိခဲ့ပြီး ယခုအချိန်မှာပင် ကြီးမားသော အပြောင်းအလဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသော်လည်း customer များ၏ ပံ့ပိုးကူညီမှုဖြင့် ဆက်လက်တိုးတက် အောင်မြင်နေခဲ့ပါတယ်။
    Offshore Development တွေမှာ နည်းပညာပိုင်းတွေအပြင် ဂျပန် လူမျိုးများနှင့် ပြေပြစ်သော ဆက်ဆံရေး၊ ပြည့်စုံကောင်းမွန်သော အရည်အသွေး၊ လုပ်ငန်းဆောင်တာများအပေါ် စီမံခန့်ခွဲမှု အစရှိတာတွေနှင့် ပတ်သက်ပြီး customer တွေက အမျိုးမျိုးသော အခက်အခဲတွေကို ကြုံတွေ့နေရပေမယ့် ဂျပန်ဘာသာစကား အထူးကျွမ်းကျင်သော မြန်မာ ဝန်ထမ်းများမှ ထိုအခက်အခဲတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းက ကျွန်ုပ်တို့ ကုမ္ပဏီ၏ ထူးခြားချက် ဖြစ်ပါတယ်။ ဂျပန် customer များနှင့် အဓိက လုပ်ကိုင်ခဲ့သော system development အတွေ့အကြုံများကြောင့် customer များ၏ အမြင်ကို အခြေခံသော စီမံခန့်ခွဲမှု၊ နည်းပညာအရည်အချင်းတွေက ပိုမိုတိုးတက်လာနေခဲ့ပါတယ်။ Software Development လုပ်ဆောင်ဖို့အတွက် ရှာဖွေနေတယ် ဆိုရင်ဖြင့် ကျွန်တော်တို့နှင့် ဆက်သွယ်ကြည့်ဖို့ အကြံပြုပါရစေ။
    မြန်မာနိုင်ငံသည် ကြီးမားသော အလားအလာ ကောင်းများရှိသည့်အပြင် မြန်မာ လူမျိုးများတွင်လည်း ကောင်းမွန်သော အရည်အချင်းများနှင့် စိတ်အားထက်သန်မှုများရှိကြပါတယ်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် customer များ၏ မျှော်လင့်ချက်များ အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် ဂျပန် customer များ၊ မြန်မာ customer များ၊ ကမ္ဘာတစ်ဝှမ်းမှ customer များနှင့် အတူတူလက်တွဲ အလုပ်လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

  • Mr. Kyaw Min Oo (CTO)

    Myanmar DCR သည် အစီအစဉ်ရေးဆွဲမှု၊ ဒီဇိုင်းရေးဆွဲမှုမှစ၍ ပရိုဂရမ်ရေးသားခြင်း၊ စမ်းသပ်ခြင်းနှင့် စနစ်ထိန်းသိမ်းမှုအထိ တိကျခိုင်မာသော လုပ်ဆောင်မှုများကို လိုက်နာပြီး အရည်အသွေးမြင့် စနစ်ဖွံ့ဖြိုးတိုးတက်မှုများကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့သည် အရည်အသွေးစီမံခန့်ခွဲမှု (QMS) နှင့် သတင်းအချက်အလက်လုံခြုံရေးစီမံခန့်ခွဲမှု (ISMS) အသိအမှတ်ပြုလက်မှတ်များရရှိထားပြီး အရည်အသွေးနှင့် လုံခြုံရေး၌ မြင့်မားသော စံနှုန်းများကို ထိန်းသိမ်းထားပါသည်။ ထို့အပြင် Cloud နှင့် AI နည်းပညာများ အသုံးချခြင်း၊ Network အခြေခံအဆောက်အအုံများ တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ဖြင့် ထိရောက်လုံခြုံသည့် စနစ်လည်ပတ်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။
    မြန်မာနိုင်ငံရှိ တစ်ခုတည်းသော ဂျပန်ကုမ္ပဏီအဖြစ် Myanmar DCR သည် ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်မှုတွင် စိတ်ဝင်စားသည့် လူငယ်များကို သင်ယူတိုးတက်နိုင်မည့် အခွင့်အလမ်းများ ပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့သည် ဖောက်သည်များနှင့်အတူ ပူးပေါင်းပြီး တိုးတက်အောင်မြင်သည့် အနာဂတ်ကို တည်ဆောက်သွားမည်ဖြစ်ပါသည်။

  • Mrs. Moe Moe Hla (CQO)

    ဂျပန်မှာ ဆယ့်ကိုးနှစ်ကြာနေထိုင်ခဲ့တဲ့အချိန်အတွင်းမှာ ဂျပန်နိုင်ငံ၊ ကိုဘေးတက္ကသိုလ်မှ IT Engineering နဲ့ Master ဘွဲ့ ကို ရယူခဲ့ပါတယ်။ ဘွဲ့ရပြီးနောက် ဂျပန်နိုင်ငံမှာပဲ System Developmentကိုတာဝန်ယူ လုပ်ဆောင်ခဲ့ပြီး များစွာသော လုပ်ငန်း အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။ မြန်မာဂျပန် ဆက်နွယ်မှုကို ပိုမိုနက်ရှိုင်းလာစေရန် ဆက်လက်အလေးထားထိန်းသိမ်းရင်းနဲ့ ဂျပန်မှာလေ့လာရရှိလာခဲ့သော နည်းပညာ အတတ်ပညာများကို အကျိုးရှိစွာ အသုံးချ၍ မြန်မာပြည်ရဲ့တိုးတက်မှုနဲ့ ဂျပန်ပြည်ရဲ့ စီးပွားရေး တိုးတက်မှုကိုပါ အထောက်အကူပြုနိုင်ဖို့ မျှော်လင့်မိပါတယ်။ Myanmar DCR မှ လူငယ်တွေကလည်းပဲ ထက်မြက်သော အတွေးအမြင်တွေ နဲ့ ကိုယ်ပိုင်အစွမ်းအစတွေ ကိုယ်စီ ရှိကြပါတယ်။ Customer များရဲ့ စိတ်ကျေနပ်မှုကိုအပြည့်အဝ ရရှိနိုင်မယ့် အသင့်တော် ဆုံးသော Solution ကို ထိုလူငယ်များနဲ့ အတူတကွ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။

  • Mr. Toe Myint Soe (Manager)

    Myanmar DCR က အဓိကအားဖြင့် ဂျပန်နိုင်ငံက အလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဂျပန်နိုင်ငံက အရည်အသွေးနဲ့ ပက်သက်လာရင် အရမ်းဂရုစိုက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီကဝန်ထမ်းတွေအတွက် အရည်အသွေးကို ကောင်းအောင် လုပ်ဆောင်နိုင်မယ့် အလေ့အကျင့်ကောင်းကို ရရှိစေပါတယ်။ နိုင်ငံရပ်ခြားမှ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် မြန်မာလူငယ် ပရိုဂရမ်မာများအတွက်လည်း အတွေ့အကြုံကောင်းတွေကို ရယူပိုင်ဆိုင်နိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ အနာဂတ်အတွက် ရည်မှန်းချက် ကြီးမားတဲ့ လူငယ်များအတွက် အသင့်တော်ဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

  • Mrs. Zin Mar Hlaing (Manager)

    Customerတွေကို စိတ်ကျေနပ်၊ အံ့သြဖွယ်ရာ အကောင်းဆုံးသော ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ဂျပန်လူမျိုးဝန်ထမ်း တွေရဲ့ လမ်းညွှန်မှုအောက်မှာ မြန်မာလူမျိုးတွေရဲ့ ရိုးသားမှု၊ ကြိုးစားမှု၊ စွမ်းရည်တွေနဲ့ အစဉ်အမြဲကြိုးစားနေသော အရည် အသွေး အဓိကထားသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ တိုးတက်အောင်မြင်မှု၊ MDCRရဲ့ တိုးတက် အောင်မြင်မှု ကိုအစပြုပြီး Global အထိ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူ ပြုချင်ပါတယ်။

  • Mrs. Hnin Oo Lwin (Manager)

    MDCR သည် စတင်တည်ထောင်ချိန်မှစ၍ Customerများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အရည်အသွေးမြင့်ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ အထက် လူကြီးများနှင့် လက်အောက်ငယ်သားများအကြား ကောင်းမွန်သော ဆက်သွယ်ရေးနှင့် အသိပညာမျှဝေမှုများရှိသည့်အပြင် စီနီယာများနှင့် ဂျူနီယာများအကြား ကျွန်ုပ်တို့၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများကို မျှဝေရာတွင်လည်း ထိထိရောက်ရောက် လုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် Customerများ၏ စိတ်ကျေနပ်မှုကို တန်ဖိုးထားကာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် Customerများနှင့် နီးကပ်စွာ ဆက်သွယ်ပြောဆိုရန် အမြဲဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် စဉ်ဆက်မပြတ်ကြိုးစားနေပြီး Customerများအတွက် အကောင်းဆုံးဖြေရှင်းချက်များကို ပေးဆောင်ရန် ကြိုးစားလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် customerများနှင့်အတူ လက်တွဲ၍ ပိုမိုတိုးတက်သော အောင်မြင်မှုများဆီသို့ ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

  • Ms. Thazin Mon (Manager)

    Myanmar DCR မှာ တခြား Company များတွင် မရနိုင်တဲ့ ထူးခြားတဲ့ လုပ်ငန်းခွင် (အလုပ်ပတ်ဝန်းကျင်) ကို ပိုင်ဆိုင်ထားပါတယ်။ ဝန်ထမ်းအချင်းချင်း လူမှုဆက်ဆံရေး ကောင်းမွန်ပြီး စီနီယာမှ ဂျူနီယာသို့ အလုပ်အကြောင်း သင်ကြားပေးခြင်း၊ ဂျူနီယာမှ စီနီယာသို့ လေးစားယုံကြည်မှုရှိခြင်း၊ လုပ်ငန်း အကြောင်းအရာများကို မျှဝေပေးခြင်း စသည်တို့ကြောင့် အလုပ်လုပ်ကိုင်ရာတွင် အလွန် အဆင်ပြေသော လုပ်ငန်းခွင်ဖြစ် ပါသည်။ ကောင်းမွန်သော လုပ်ငန်းခွင်တွင် ကောင်းမွန်သော ဝန်ထမ်းများ စုစည်းပြီး အလုပ်လုပ်ကိုင်နေသောကြောင့် အရည်အသွေး ကောင်းမွန်သော Software များ ထုတ်လုပ်နိုင်ခြင်း၊ အချိန်မီအလုပ်အပ်နိုင်ခြင်းတို့ကို အာမခံနိုင်ပါသည်။ အလုပ်ကြိုးစားနေတဲ့ ဝန်ထမ်းတွေကို မြင်နိုင်ဖို့အတွက် Myanmar DCR ကို တစ်ခေါက်လောက် လာရောက် လေ့လာကြည့်ပါ။

  • Mrs. Saw Kalya Aye (Manager)

    Myanmar DCRသည် လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ စိတ်ကျေနပ်မှုတို့ကို အမြင့်မားဆုံးဖြည့်ဆည်းပေးနိုင်သော တစ်ခုတည်းသော ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ အထက်လူကြီးနှင့် ဝန်ထမ်းများ၊ စီနီယာဝန်ထမ်းများနှင့် ဂျူနီယာဝန်ထမ်းများကြားမှာ အစီရင်ခံခြင်း၊ အကြောင်းကြားခြင်း၊ တိုင်ပင်ဆွေးနွေးနိုင်ခြင်းတို့ကို ဘယ်အချိန်မဆို ပြုလုပ်နိုင်တဲ့ဝန်းကျင်ကို ပိုင်ဆိုင်ထားပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိခြင်းဟာ MDCR ၏ ထူးခြားသော ဝိသေသတစ်ခုလို့ ထင်မိပါတယ်။ ရိုးသားသော အပြုံးမျက်နှာနဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ မြန်မာလူငယ်လေးများအတွက် နိုင်ငံတကာ လုပ်ငန်းအတွေ့အကြုံကိုပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဂျပန်စကား ကျွမ်းကျင်စွာပြောဆို ဆက်သွယ်နိုင်တဲ့ ထူးချွန်ခေါင်းဆောင်များ၊ ဝန်ထမ်းများ က ဂျပန်၏စံချိန်စံညွှန်းများပေါ် အခြေခံပြီး အရည်အသွေးကောင်းမွန်သော System များကိုဖန်တီးနိုင်ခြင်း၊ အချိန်တိကျစွာ အလုပ်အပ်နှံနိုင်ခြင်းတို့ကြောင့် MDCR နှင့်အတူတူ လက်တွဲလုပ်ကိုင်မယ့် အချိန်ကို သေချာပေါက် စောင့်မျှော်နေပါတယ်။

  • Ms. Thanda Aung (Manager)

    Myanmar DCRဟာ မြန်မာမှာ သက်တမ်းအရှည်ကြာဆုံး ဂျပန်ကုမ္ပဏီတစ်ခုပါ။ ကုမ္ပဏီဝန်ထမ်းတွေဟာဆိုရင်လည်း ဂျပန်က ကုမ္ပဏီတွေမှာ သွားရောက်လုပ်ကိုင်ရင်း ရရှိလာတဲ့ အတွေ့အကြုံတွေကို Myanmar DCRမှာ ပြန်လည်အသုံးပြုနေကြပါတယ်။ ဒါကြောင့် Myanmar DCRက ဝန်ထမ်းတွေဟာ နည်းပညာ၊ အခြေခံmanner နှင့်ဆက်ဆံရေးအစစအရာရာ ကောင်းမွန်ပြီး ဂျပန်လူမျိုးများနှင့် ကောင်းမွန်တဲ့ communicationကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ဂျပန်လူမျိုးအထက်လူကြီးများနှင့် အရည်အချင်းပြည့်ဝတဲ့ မြန်မာလူမျိုးအထက်လူကြီးများရဲ့ လမ်းညွှန်ပြသမှုအောက်မှာ အကောင်းဆုံး Productတွေကို ထုတ်လုပ်နေပါတယ်။ ဒါကြောင့် Myanmar DCRနဲ့ လက်တွဲလုပ်ကိုင်မယ်ဆိုရင် ကျိန်းသေစိတ်ကျေနပ်မှုရရှိမှာဖြစ်ပါတယ်။

  • Mrs. Hsu Mon Lwin (Manager)

    ကျွန်မအတွက် အလုပ်ခွင်မှာ အရေးအကြီးဆုံးလို့ ခံယူထားတာတော့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းပါပဲ။ လုပ်ငန်းခွင်မှာ စိတ်ချမ်းသာတဲ့ အခါရှိသလို အဆင်မပြေ စိတ်ညစ်ရတဲ့ အခါလည်းရှိမှာ မလွဲမသွေပါပဲ။ ဒီလိုအချိန်မှာ မျှဝေ ခံစားပေးနိုင်တဲ့ ပတ်ဝန်းကျင်ရှိဖို့ လိုအပ်တာပေါ့။ ကျွန်မတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းများဟာ ဆိုရင် အထက်လူကြီး လက်အောက်ငယ်သား မခွဲခြားပဲ တစ်ဦးနဲ့ တစ်ဦး ခင်မင်ရင်းနှီးစွာ တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်လေးမှာ အလုပ်လုပ်နေကြရပါတယ်။ ဒါမှသာ အလုပ်ခွင်မှာ ပျော်ရွှင်လာကာ Productivity တွေ မြင့်မားပြီး Quality ကောင်းမွန်တဲ့ Product တွေ ထုတ်လုပ်နိုင်မှာ မဟုတ်ပါလား။Myanmar DCR ဆိုတာ ရင်းနှီးတဲ့ မိတ်ဆွေများရှိတဲ့ ကုမ္ပဏီပါ။ Senior တွေက Junior တွေကို အတွေ့အကြုံတွေ မိမိတို့ရဲ့ အသိပညာတွေကို မျှဝေပေးရင်းနေရုံသာမက Customer ရဲ့ ယုံကြည် စိတ်ချမှုကို ရရှိအောင် Customer နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် Customer တွေရဲ့ ယုံကြည်မှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်နေပါတယ်။ Myanmar DCR ဆိုတာ Customer ရဲ့ ယုံကြည် စိတ်ချမှုကို အဓိကထားနေတဲ့ ကုမ္ပဏီပါ။ ကျွန်မတို့ရဲ့ ဝန်ထမ်း ထက်ဝက်ကျော်ဟာ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်တဲ့အတွက် လန်းဆန်း တက်ကြွနေတဲ့ လူငယ်တွေရဲ့ idea ကောင်းတွေကို အသုံးချရင်း လူငယ်တွေရဲ့ တိုးတက်မှုအတွက် အခွင့်အလမ်းကောင်း အများကြီး ရှိပါတယ်။ အချိန်မရွေး ဘယ်သူမဆို မိမိရဲ့ အမြင်ကို ထုတ်ဖော်ပြနိုင်တာကတော့ ကုမ္ပဏီရဲ့ ကြီးမားတဲ့ နှစ်လိုဖွယ် တစ်ခုပါပဲ။ Myanmar DCR ဆိုတာ ဝန်ထမ်းတွေရဲ့ တိုးတက်မှုကနေ ကုမ္ပဏီ တိုးတက်ရေးကို ဦးတည်နေတဲ့ ကုမ္ပဏီပါ။

  • Mrs. Nway Yu Khin (Manager)

    ကျွန်မနာမည်ကတော့ မ‌နွေးယုခင်ဖြစ်ပါတယ်။ Myanmar DCR ကို 2008 ခုနှစ်မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံရှိ ထုတ်ကုန်အသစ်များအတွက် ဆော့ဖ်ဝဲလ်တီထွင်ခြင်းတွင် ရရှိခဲ့သော အတွေ့အကြုံများကို အသုံးပြု၍ လက်ရှိတွင် ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှစ်ဖွဲ့နှင့် AutoCAD ဌာနခွဲကို စီမံခန့်ခွဲလျက်ရှိပါသည်။ Java နဲ့ ASP.NET ကတော့ အထူးပြုဘာသာရပ်များဖြစ်ပါတယ်။ မကြာသေးခင်က AI ဖွံ့ဖြိုးရေးနည်းစနစ်အသစ်တွေကို လေ့လာနေပြီး ပြီးခဲ့တဲ့နှစ်က Python အတွက် အပြည်ပြည်ဆိုင်ရာ လက်မှတ် PCEP ကို ရရှိခဲ့ပါသည်။ ဒီနောက်ပိုင်းမှာလည်း အဖွဲ့ကို ထိရောက်စွာ ဦးဆောင်ပြီး Customersတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားပါမယ်။

  • Ms. Pwint Wah Soe (Manager)

    Myanmar DCR သည်ဘွဲ့ရပြီးခါစ အတွေ့အကြုံမရှိသေးသော လူငယ်လူရွယ်တွေကို အခြေခံမှစပြီး သင်ကြားပေးနေပါသည်။ ဝန်ထမ်းတွေရဲ့ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးတွေကို မြင့်မားစေဖို့ရည်ရွယ်ပြီး ကုမ္ပဏီတွင်း သင်ကြားရေးအစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်အပန်းဖြေစေဖို့ အတွက်လည်း တစ်နှစ်ပတ်လုံးမှာ အမျိုးမျိုးသော ပွဲတွေကို ကျင်းပပေးပါတယ်။ ဝန်ထမ်းများဟာ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုးကြိုးစားစားနဲ့ အားတတ်သရော လုပ်ဆောင်နေတဲ့ လုပ်ငန်းခွင်လည်း ဖြစ်ပါတယ်။ Myanmar DCR ကို တစ်ခေါက်လောက် လာရောက်လေ့လာကြည့်ပါ။ အတူတူ လက်တွဲလုပ်ကိုင်မယ့်အချိန်ကို စောင့်မျှော်နေပါတယ်။