Websiteများဖန်တီးခြင်း၊ မွမ်းမံခြင်း
Websiteများဖန်တီးခြင်း၊ မွမ်းမံခြင်း
Websiteများဖန်တီးခြင်း၊ မွမ်းမံခြင်း

Websiteများဖန်တီးခြင်း၊ မွမ်းမံခြင်း

ဝဘ်ဆိုက်တစ်ခုကို တည်ဆောက်ရာတွင် စတင်ဖန်တီးပြီးနောက် ပြုပြင်ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုအထိ ထည့်သွင်းစဉ်းစားရန် အလွန်အရေးကြီးပါသည်။
လုံခြုံရေး အားနည်းချက်များကြောင့် သတင်းအချက်အလက် ပေါက်ကြားမှုများ ဖြစ်ပေါ်လာနိုင်ပြီး၊ ဆိုးရွားသော ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။
ကျွန်ုပ်တို့သည် မိခင်ကုမ္ပဏီဖြစ်သော DCR ၏ အရည်အသွေးနှင့် ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းများအပေါ် အခြေခံ၍
ပရောဂျက်စီမံခန့်ခွဲမှုနည်းစနစ်များကို အသုံးပြုကာ Japan Quality ကို အမှန်တကယ် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဖောက်သည်တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အကောင်းဆုံးဖြေရှင်းချက်များကိုလည်း ပေးဆောင်လျက်ရှိပါသည်။

SPEED : လျင်မြန်မှုကို အလိုရှိခြင်း

  • ပုံမှန်အားဖြင့်၊ ဝဘ်ဆိုက်တစ်ခုတည်ဆောက်ရာတွင် အလုပ်အပ်နှံသူနှင့်အပြန်အလှန်ဆက်သွယ်ပြီး လုပ်ငန်းလိုအပ်ချက်များကို သေချာနားလည် သဘောပေါက်အောင် ဆွေးနွေးရန် လိုအပ်ပါသည်။ သို့သော် ဤလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်သောကြောင့် အရေးကြီးသော စီးပွားရေးအခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးရနိုင်ပါသည်။ ယနေ့ခေတ် စီးပွားရေးတွင် "အမြန်နှုန်း"သည် အခြားအရာများထက် ပိုအရေးကြီးပါသည်။ "အရင်ဆုံး Website ကို လွှင့်တင်ချင်တယ်၊ နောက်ပိုင်း ပြုပြင်ထိန်းသိမ်းပြီး တိုးချဲ့ချင်တယ်" ဆိုသည့်လိုအပ်ချက်များအတွက်လည်း Myanmar DCR သည် လိုက်လျောညီထွေစွာ တုံ့ပြန်နိုင်ပြီး မြန်မြန်ဆန်ဆန်၊ မှန်ကန်သော ဝဘ်ဆိုက်တည်ဆောက်မှုကို ပံ့ပိုးပေးနိုင်ပါသည်။

TECHNOLOGY : အဆင့်မြင့် Website

  • Myanmar DCR သည် များစွာသော ထိပ်တန်းကုမ္ပဏီများ၏ Website တွေကို ဖန်တီးတည်ဆောက်မှု အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားပါသည်။ ကျွန်တော်တို့က ပံ့ပိုးပေးသော ဝဘ်ဆိုက်များသည် အပြည်ပြည်ဆိုင်ရာ W3C စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး JavaScript၊ CSS၊ Flash စသည့် နည်းပညာအသစ်များကို အသုံးပြု၍ အဆင့်မြင့် ဒီဇိုင်းဖြင့် တည်ဆောက်ထားပါသည်။ ထို့အပြင်၊ ဖောက်သည်တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ အမျိုးမျိုးသော လိုအပ်ချက်များကို လိုက်လျောညီထွေစွာ ဖြည့်ဆည်းနိုင်ပြီး အကောင်းဆုံး ဝဘ်ဆိုက် ဖြေရှင်းနည်းများကို ပေးဆောင်နိုင်ပါသည်။ "ကြည့်ရှုရလွယ်ကူ၊ အသုံးပြုရလွယ်ကူပြီး ရလဒ်များစွာရရှိနိုင်သော" ဝဘ်ဆိုက်များမှတဆင့် ဖောက်သည်များ၏ လုပ်ငန်းတန်ဖိုးကို မြှင့်တင်နိုင်ရန် ခိုင်မာသောပံ့ပိုးကူညီမှုပေးပါသည်။

EASY : ရိုးရှင်းစွာ ဆောင်ရွက်နိုင်လိုခြင်း

  • Website တစ်ခုကို လွှင့်တင်နိုင်ရန် လုပ်ဆောင်ရမည့် အဆင့်ဆင့်နဲ့ နည်းလမ်းများဟာ တကယ့်ကိုရှုပ်ထွေးလှပါသည်။ Domain ရယူခြင်း၊ Web Server (hosting) တွင် သဘောတူညီမှုရယူခြင်း စသည့် အခက်အခဲများစွာလည်း ကြုံတွေ့ရနိုင်ပါသည်။ ယခုအခါ အွန်လိုင်းပေါ်တွင် ထိုကဲ့သို့သော လုပ်ဆောင်ချက်များကို ဝန်ဆောင်မှုအနေနဲ့ ရယူနိုင်သော်လည်း လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် အကောင်းဆုံး ကိုက်ညီနိုင်မည့် ဝန်ဆောင်မှုကို ရွေးချယ်ရခြင်းမှာ အခက်အခဲ ဖြစ်နိုင်ပါသည်။ Myanmar DCR သည် Website ဖန်တီးတည်ဆောက်မှုအတွက် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော Professional များ ဖြစ်ပါသည်။ လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ဝန်ဆောင်မှုကို အကြံပြုခြင်းအပြင် Website ကို လွှင့်တင်ပြီးချိန်အထိ အပူအပင်ကင်းစွာ စိတ်ကျေနပ်မှု ရရှိနိုင်ရန် တာဝန်ယူဆောင်ရွက်ပေးပါသည်။

RENEWAL : ယခုလက်ရှိ Website အပေါ်စိတ်မကျေနပ်မှု

  • ယနေ့ခေတ်တွင် Website တစ်ခုကို လွှင့်တင်ပြီးနောက် ပြုပြင်ထိန်းသိမ်းမှု မဆောင်ရွက်သေးတဲ့ အရေအတွက်မှာ များပြားလာပါသည်။ စတင်ဖန်တီးရာတွင် ငွေကြေးအများအပြား အသုံးစရိတ်အကုန်အကျခံထားသော်လည်း၊ ပြုပြင်ထိန်းသိမ်းမှု တာဝန်ရှိသူများ ထွက်ခွာခြင်း သို့မဟုတ် ကျွမ်းကျင်မှုမလုံလောက်မှုကြောင့် ပြုပြင်ထိန်းသိမ်းမှုများကို အချိန်မီ ဆောင်ရွက်၍ မရနိုင်သော အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။ တဖန်၊ အသစ်ပြန်လည်တည်ဆောက်လိုသော်လည်း အပြင်ပန်းအမြင်သာမက အခြေခံလိုအပ်ချက်များကိုလည်း နားလည်ဖို့ လိုအပ်သည့်အတွက် အမျိုးမျိုးသော အကြောင်းများကြောင့် အကောင်အထည်မဖော်နိုင်သေးသော ကိစ္စများလည်း ရှိပါသည်။ အဲဒီလို အခက်အခဲများရှိပါက Myanmar DCR ကို ဆက်သွယ်နိုင်ပါသည်။ ကျွန်တော်တို့သည် သင်၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ပြည့်စုံသော ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီး၊ အလွယ်တကူ ပြုပြင်ထိန်းသိမ်းနိုင်မည့် Website တစ်ခုအထိ ဝန်ဆောင်မှု ပေးနိုင်ရန် အဆင်သင့်ရှိပါသည်။

HOT : အရေးအကြီးဆုံးမှာ နောက်ဆုံးရ အချက်အလက်ဖြစ်ရန်

  • Website တစ်ခုကို လှပစွာ ဖန်တီးထားပေမယ့် မွမ်းမံပြင်ဆင်မှုမရှိပါက အချိန်ကြာလာသည်နှင့်အမျှ Website ၏ အသုံးဝင်မှု တန်ဖိုး လျော့ကျလာနိုင်ပါသည်။ နစ်နာမှုအဖြစ် SEO နှင့်ပတ်သက်သော ရလဒ်များလည်း အဓိပ္ပါယ်မဲ့ဖြစ်လာပြီး ကြီးမားသော စီးပွါးရေး အခွင့်အလမ်းများကိုလည်း လက်လွတ်နိုင်ပါသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အသင့်တော်ဆုံး နည်းလမ်းမှာ "မွမ်းမံပြင်ဆင်ရလွယ်သော Website" တစ်ခုရှိရမည် ဖြစ်သည်။ အချို့သော စျေးသက်သာမှုကိုသာ ဦးစားပေး၍ တည်ဆောက်ထားသော Website အချို့မှာ သတင်းအချက်အလက် ဖော်ပြရန်သာ ရည်ရွယ်ပြီး Source Code များမှာ ရှင်းလင်းလွယ်ကူမှုမရှိဘဲ ရှုပ်ထွေးသော "Spaghetti code" ဖြစ်နေခြင်းများရှိနိုင်ပါသည်။ ကျွန်တော်တို့Myanmar DCR မှ ဖန်တီးပေးသော Website များသည် W3C စံသတ်မှတ်ချက်နှင့် ကိုက်ညီပြီး ရှင်းလင်းသော ဖွဲ့စည်းပုံဖြင့် ဖန်တီးထားသောကြောင့် မွမ်းမံပြင်ဆင်မှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် မွမ်းမံပြင်ဆင်ရန် လိုအပ်သည့် အပိုင်းများအတွက် ရှင်းလင်းလွယ်ကူသော "လမ်းညွှန်" ဝန်ဆောင်မှုကိုလည်း ရရှိနိုင်ပါသည်။ Website ကို မွမ်းမံပြုပြင်လိုသောအခါ၊ ပြည့်စုံသော ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ကာ လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အကောင်းဆုံးအစီအစဉ်ကိုလည်း အကြံပြုနိုင်ပါသည်။
  • MDCR 5p-Pack

    Website တစ်ခုဟာ ၂၄နာရီ၊ ၃၆၅ရက် မနားတမ်း အလုပ်လုပ်နေတဲ့ အရောင်းဝန်ထမ်းတစ်ဦးနဲ့ တူပါသည်၊၊အင်တာနက်အသုံးပြုနိုင်သည့်အခြေအနေရှိလျှင် အချိန်၊ နေရာဒေသ၊ အသက်အရွယ်၊ ကျား/မ မခွဲခြားဘဲ မည်သူမဆိုလွတ်လပ်စွာအသုံးပြုနိုင်သောအားသာချက်ရှိပါသည်၊၊ ကိုယ်ပိုင် Websiteမှတဆင့် လက်ရှိအချိန်ထိ ဆက်သွယ်ရန်အခွင့်အလမ်းမရခဲ့သော Customer များထံမှလည်း တိုက်ရိုက်အဆက်အသွယ်ရရှိနိုင်မည့် ကြီးမားသောအခွင့်အရေးများလည်း ရရှိနိုင်ပါသည်၊၊
    တဖန် [ အသင့်တည်ဆောက်ထားသောဒီဇိုင်းများကို ရွေးချယ်ရုံဖြင့် Websiteများကိုလွယ်လွယ်ကူကူဖန်တီးနိုင်ပြီ ] ဟုဆိုသော Websiteများလည်း ကမ္ဘာတဝှမ်းတွင် များစွာရှိပါသည်။ အမှန်တကယ်လည်း ထိုအသင့်တည်ဆောက်ထားသော Web Page များကိုအသုံးပြုလျှင် လွယ်ကူစွာဖြင့် Website တစ်ခုရရှိနိုင်ပါသည်။ သို့သော်အသင့်တည်ဆောက်ပြီးWeb Pageများတွင်သတ်မှတ်ထားတဲ့ ဒီဇိုင်းတွေအပြင် ပြင်ဆင်လို့ရတဲ့ အခွင့်အရေးနည်းပါးပါသည်။
    "ဒီနေရာလေး နည်းနည်းပြင်ချင်တယ်"၊ "ဒီပုံရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ပြင်ချင်တယ်"ကဲ့သို့ လိုအပ်ချက်တွေကိုရရှိနိုင်မည်မဟုတ်သောကြောင့် လက်ရှိအခြေအနေအတိုင်း လက်ခံလိုက်ရမည်ဖြစ်ပါသည်။

    ပိုမိုကြည့်ရှု့ရန်

စီးပွါးရေးလုပ်ငန်း Website များတွင် ရှိသင့်သောအချက်များ

  • အချက်အလက်တွေကို နားလည်ရလွယ်ကူစွာ ဖွဲ့စည်းထားနိုင်မှု

    လုပ်ငန်း၏ဝန်ဆောင်မှု၊ ရည်ရွယ်ချက်၊ အားသာချက်များကိုရှင်းလင်းစွာဖော်ပြမှု

    ဖော်ပြချင်တဲ့ အကြောင်းအရာကို ထင်ထင်ရှားရှားဖော်ပြနိုင်တဲ့ ဒီဇိုင်း

    စာမျက်နှာတိုင်းကိုလွယ်လွယ်ကူကူသွားနိုင်တဲ့ ဖွဲ့စည်းတည်ဆောက်မှု

    စာမျက်နှာတစ်ခုစီရဲ့ ဖော်ပြမှုကြာချိန် (loading time)

    SEOနဲ့ပတ်သက်၍ လုံလောက်စွာ စဉ်းစားလုပ်ဆောင်မှု

    လုပ်ငန်းတိုးတက်ရန်နှင့် စျေးကွက်မျှော်မှန်းချက်အတွက် စီစဉ်ထားမှု

Pack

5p