အတွေ့အကြုံရှိဝန်ထမ်းခေါ်ယူခြင်း
အတွေ့အကြုံရှိဝန်ထမ်းခေါ်ယူခြင်း
အတွေ့အကြုံရှိဝန်ထမ်းခေါ်ယူခြင်း

အတွေ့အကြုံရှိဝန်ထမ်းခေါ်ယူခြင်း

လိုအပ်ချက်များ

အောက်ပါအချက်များနှင့် ကိုက်ညီသော လူ့စွမ်းအား အရင်းအမြစ်များကို ရှာဖွေနေပါသည်။

  • မြန်မာနိုင်ငံ၏ ICT နယ်ပယ် တိုးတက်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုသူ

    အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ပန်းတိုင်များအတွက် တက်ကြွစွာပံ့ပိုးကူညီနိုင်သူ

    ကိုယ့်အားကိုယ်ကိုး၍ လုပ်ဆောင်နိုင်ပြီး အသစ်အသစ်သော နည်းပညာများကို လေ့လာလိုစိတ်ရှိသူ

    မိမိ၏တာဝန်များကို အပြည့်အဝ တာဝန်ယူနိုင်သူ

    စိန်ခေါ်မှုများကို အကောင်းမြင်စိတ်ဖြင့် ရင်ဆိုင်နိုင်ပြီး ရည်မှန်းချက်အောင်မြင်အောင် ကြိုးပမ်းသူ

    ရှင်းလင်းပြတ်သားစွာ ဆက်သွယ်ပြောဆိုနိုင်ပြီး အခြားသူများနှင့် ထိရောက်စွာ အပြန်အလှန်ဆက်ဆံနိုင်သူ

ဝန်ထမ်းခေါ်ယူမှုအမျိုးအစား

  • ပရောဂျက်ခေါင်းဆောင်

    ပရောဂျက်ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတွင် အတွေ့အကြုံရှိသူ

    ဂျပန်ဘာသာစကား JLPT N3 နှင့်အထက် အရည်အချင်းရှိသူ

    ဂျပန်စာအရေးအသားနှင့်ပြောဆိုဆက်ဆံရေးအထူးကောင်းမွန်သူ

  • ဆော့ဖ်ဝဲအင်ဂျင်နီယာ

    သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိသူ

    ဂျပန်ဘာသာစကား JLPT N3 နှင့်အထက် အရည်အချင်းရှိသူ

    ဂျပန်စာအရေးအသားနှင့်ပြောဆိုဆက်ဆံရေးအထူးကောင်းမွန်သူ

  • ပရိုဂရမ်မာ

    အသက် (၃၀) နှစ်အောက်

    ဂျပန်ဘာသာစကား JLPT N4 နှင့်အထက်အရည်အချင်းရှိသူ

    ပရိုဂရမ်ရေးသားခြင်းအတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိသူ

ဝန်ထမ်းများ၏ရပိုင်ခွင့်

အလုပ်ချိန်
နံနက် ၈:၀၀ မှ ညနေ ၅:၀၀ ထိ (နေ့လယ်စာစားချိန်: ၁ နာရီ ၁၅ မိနစ်၊ ပုံမှန်အလုပ်ချိန်: ၇ နာရီ ၄၅ မိနစ်)
အားလပ်ရက်
စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ၊ MDCR အထူးအားလပ်ရက်များ (ကုမ္ပဏီနှစ်ပတ်လည်နေ့၊ မွေးနေ့၊ နှစ်သစ်ကူးနေ့ စသဖြင့်)
အကျိုးခံစားခွင့်
ဝန်ထမ်းများအတွက်အပန်းဖြေခရီး (၂၀၁၈ ဘန်ကောက်)၊ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ
  • လစာ = အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ဆုံးဖြတ်ပါမည်။

အလုပ်ဝင်ခွင့်စစ်ဆေးခြင်း

1

အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် ရွေးချယ်သွားပါမည်။

2

စာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေး၍ ရွေးချယ်ပါမည်။

3

ရွေးချယ်ခံရသူများသည် အစမ်းခန့်၃လအတွင်း လုပ်ငန်းသဘာဝနှင့် အလုပ်ခွင်ယဉ်ကျေးမှုများကို သိရှိစေပြီးနောက် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်မည်ဖြစ်ပါသည်။

အလုပ်လျှောက်ရန်နည်းလမ်း

  • လျှောက်လွှာပုံစံကို အောက်ပါလင့်ခ်မှ Download ပြုလုပ်၍ လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီး recruit@myanmardcr.com သို့ ပေးပို့ပါ။

    ※မှတ်ချက်

  • လျှောက်လွှာတင်သွင်းခြင်းနှင့် ပတ်သက်၍ ဖုန်းဖြင့်မေးမြန်းခြင်းများကို လက်ခံဖြေကြားပေးမည် မဟုတ်ပါ။

  • ဤကြော်ငြာပါရှိသည့်အချိန်မှစ၍ အချိန်အကန့်အသတ်မရှိ လျှောက်လွှာပေးပို့နိုင်ပါသည်။

  • လျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များ မပြည့်စုံပါက သို့မဟုတ် မမှန်ကန်ပါက လျှောက်လွှာကို ပယ်ချခံရနိုင်ပါသည်။

  • (လျှောက်လွှာမတင်မီ အချက်အလက်အားလုံး မှန်ကန်မှုရှိမရှိ ထပ်မံစစ်ဆေးပြီးမှ ပေးပို့ရန်မေတ္တာရပ်ခံပါသည်။)

ပညာရေးစနစ်

ပညာရေးကော်မတီသည် ကုမ္ပဏီစာကြည့်တိုက်ဖွင့်ပေးခြင်း၊
လိုအပ်သော သင်တန်းများကို ပို့ချပေးခြင်း၊ အကြီးတန်းဝန်ထမ်းများ၏
အတွေ့အကြုံများအား မျှဝေပေးခြင်းတို့မှတစ်ဆင့်
ဝန်ထမ်းများ၏ နည်းပညာစွမ်းရည်နှင့် ဂျပန်ဘာသာစကားစွမ်းရည်များ
တိုးတက်ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနေပါသည်။

Education Page

ဝန်ထမ်းခေါ်ယူမှုအမေးအဖြေ

"ဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားပေးတဲ့ စနစ်ရှိပါသလား?"
"လစာအကြောင်း သင့်ထင်မြင်ချက်ကို ပြောပြပေးနိုင်ပါသလား?"
"ကျွန်တော် ဂျပန်မှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းရှိပါသလား?"
ဒီလို မေးခွန်းများနှင့် အဖြေများကို ပြောဆိုဆွေးနွေးထားပါတယ်။

Recruit Q&A Page