ITဘာသာရပ်နှင့်ပတ်သက်သော တက္ကသိုလ်ဘွဲ့ရများနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမတိုင်မီ တက္ကသိုလ်နောက်ဆုံးနှစ်အောင်မြင်ပြီးသူများ။
တခြားတက္ကသိုလ်ဘွဲ့ရများဖြစ်ပါက ITPEC FE သို့မဟုတ် AP အောင်မြင်ထားသူများ။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်၂၈ နှစ်အောက်ရှိသောသူများ။
ICT နည်းပညာနှင့် ဂျပန်ဘာသာစကားကို စိတ်ပါဝင်စားပြီး ICT နယ်ပယ်တွင် Programmer အဖြစ် အလုပ်လုပ်ကိုင်လိုသူများ။
၂၀၂၆ခုနှစ် ဇန်နဝါရီလမှစတင်၍ အချိန်ပြည့် ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်သောသူများ။
Myanmar DCR မှ ကျင်းပခဲ့ပြီးသော ဝန်ထမ်းရွေးချယ်မှုစာမေးပွဲများတွင် တစ်ကြိမ်တစ်ခါမျှ ဖြေဆိုဖူးခြင်း မရှိသေးသောသူများ။
※ အလုပ်စတင်ဝင်ရောက်ချိန်မှစ၍ Java Programming နှင့် ဂျပန်ဘာသာစကားကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးပါမည်။
နေ့ရက်
၂၅-၉-၂၀၂၅ (ကြာသပတေးနေ့)
အချိန်
နံနက် ၉:၀၀ မှ နေ့လည် ၁၁:၃၀ အထိ
※လျှောက်ထားသူကိုယ်တိုင် မပျက်မကွက်တက်ရောက်ရပါမည်။ ကိုယ်စားတက်ရောက်ခြင်းကို လက်ခံမည်မဟုတ်ပါ။
ဝန်ထမ်းသစ်ရွေးချယ်မှုရှင်းလင်းပွဲကို တက်ရောက်လိုသူများသည် Online မှတဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
၈-၉-၂၀၂၅ (တနင်္လာနေ့) နံနက် ၈:၀၀ မှ ၂၁-၉-၂၀၂၅ (တနင်္ဂနွေနေ့) ညနေ ၅:၀၀ အထိ (၁၄ရက်အတွင်းသာ)
※လူဦးရေကန့်သတ်ထားသည့်အတွက်ကြောင့် အမြန်ဆုံး လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက်
၂၇-၉-၂၀၂၅ (စနေနေ့)
နေရာ
Yangon၊ Mandalay
အချိန်
စာမေးပွဲဖြေဆိုရမည့်အချိန်နှင့်နေရာ အသေးစိတ်အချက်အလက်ကို Emailမှတဆင့် ဆက်သွယ်အကြောင်းကြားပါမည်။
စာမေးပွဲအောင်စာရင်းနှင့် လူတွေ့စစ်ဆေးမည့်အချိန် အသေးစိတ်အချက်အလက်ကို Myanmar DCR၏ Website Homepageတွင် ကြေညာပေးပါမည်။
https://www.jobnet.com.mmမှာလည်း ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
※ အပြောင်းအလဲတစ်စုံတစ်ရာရှိပါက ထပ်မံအသိပေးပါမည်။
ပညာရေးကော်မတီသည် ကုမ္ပဏီစာကြည့်တိုက်ဖွင့်ပေးခြင်း၊
လိုအပ်သော သင်တန်းများကို ပို့ချပေးခြင်း၊ အကြီးတန်းဝန်ထမ်းများ၏
အတွေ့အကြုံများအား မျှဝေပေးခြင်းတို့မှတစ်ဆင့်
ဝန်ထမ်းများ၏ နည်းပညာစွမ်းရည်နှင့် ဂျပန်ဘာသာစကားစွမ်းရည်များ
တိုးတက်ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနေပါသည်။
"ဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားပေးတဲ့ စနစ်ရှိပါသလား?"
"လစာအကြောင်း သင့်ထင်မြင်ချက်ကို ပြောပြပေးနိုင်ပါသလား?"
"ကျွန်တော် ဂျပန်မှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းရှိပါသလား?"
ဒီလို မေးခွန်းများနှင့် အဖြေများကို ပြောဆိုဆွေးနွေးထားပါတယ်။