2009 Employee
Khine Hsu Wai
ကျွန်မက ၂၀၀၉ ခုနှစ်မှစပြီး Myanmar DCR တွင်အလုပ်ဝင်ခဲ့ပြီးနောက် ပရောဂျက်အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ Project Leader အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
2009 Employee
Mon Mon Zaw
ကျွန်မနာမည်က မွန်မွန်ဇော်ပါ။ ၂၀၀၉ ခုနှစ်မှစ၍ MDCR တွင် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ကွန်ပျူတာတက္ကသိုလ်မှ B.C.Sc (Hons) IT Software အထူးပြုဘွဲ့ရရှိထားထားပြီး လက်ရှိမှာ စီးပွားရေးနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ မြှင့်တင်ဖို့ MBA ဘွဲ့ကို သင်ယူနေပါတယ်။
2009 Employee
Thin Zar Aung
ကျွန်မက ၂၀၀၉ ခုနှစ်မှစပြီး Myanmar DCR တွင်အလုပ်ဝင်ခဲ့ပြီးနောက် ပရောဂျက်အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ Project Leader အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
2009 Employee
Cherry Tun
ကျွန်မနာမည်က ချယ်ရီထွန်း ဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်ရဲ့ ဝန်ထမ်းပါ။ ကျွန်မက Project Leader ရာထူးကို တာဝန်ယူဆောင်ရွက်နေပါတယ်။ Myanmar DCR က ဘွဲ့ရပြီး ကျောင်းပြီးခါစ လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
2011 Employee
May Thitsa Oo
Myanmar DCR ကို ၂၀၁၁ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး လက်ရှိမှာ SAP ပရောဂျက်တွေကို ၁၀နှစ်ကျော် Support ပေးနေတဲ့ Teamကို Leadလုပ်နေပါတယ်။
2011 Employee
Nang Zin Myo Thaw
ကျွန်မကတော့ ၂၀၁၁ ခုနှစ်ဝန်ထမ်း နန်းဇင်မျိုးသော် ဖြစ်ပါတယ်။ B.C.Sc (Hons) ဘွဲ့ရရှိထားပြီး လုပ်သက် ၁၄ နှစ် ရှိပါပြီ။ ဒီ company က ဂျပန်စာနှင့် IT ကို အခြေခံမှ စ၍ သင်ပေးတာကြောင့် ကျွန်မလို ကျောင်းပြီးတာနှင့် အလုပ်တန်းဝင်တဲ့သူအတွက် အရမ်းကို အဆင်ပြေခဲ့ပါတယ်။
2011 Employee
Nhin Pwint Han
အမက ၂၀၁၁ ခုနှစ်တွင် Myanmar DCR တွင် ဝင်ရောက်ခဲ့ပြီး၊ အဲဒီအချိန်မှာ ဂျပန်ဘာသာစကားနှင့် IT နယ်ပယ်အတွေ့အကြုံ မရှိခဲ့ပါဘူး။ MDCR ထဲ ဝင်ပြီးနောက်၊ IT နှင့် ဂျပန်ဘာသာစကား သင်တန်းများနှင့် On-the-Job Training (OJT) များမှတဆင့် လက်တွေ့ အတွေ့အကြုံများ ရရှိခဲ့ပြီး ကုမ္ပဏီ Project များတွင်လည်း တက်ကြွစွာ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။
2011 Employee
Si Thu Hlaing
Myanmar DCR သည် အိုင်တီနယ်ပယ်တွင် အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်သော နေရာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တွင် ဘွဲ့ရပြီး အလုပ်အတွေ့အကြုံ မရှိသေးချိန်တွင် MDCR တွင် ဝင်ရောက်ခဲ့ပြီး အိုင်တီပညာရှင်တစ်ဦး ဖြစ်လာရန် အကောင်းဆုံးအခွင့်အရေးကို ရရှိခဲ့ပါတယ်။
2011 Employee
Thin Thin Han
ကျွန်မက ၂၀၁၁ ခုနှစ်တွင် Myanmar DCR Companyကို စတင်ဝင်ရောက်ခဲ့ပါတယ်။ နေရာတိုင်းမှာ အတွေ့အကြုံရှိ ဝန်ထမ်းများကိုသာ ခေါ်ယူနေချိန်တွင် ဂျပန်စာနှင့် IT အတွေ့အကြုံ မရှိသည့် ကျွန်မအတွက် အလုပ်ဝင်ခွင့်ရရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်ခဲ့ပါတယ်။
2013 Employee
A Mie Mie Kyaw
IT နဲ့ Japan ဘွဲ့ မရခဲ့တာက အဓိကမဟုတ်ပါဘူး။ စိတ်ဝင်စားဖို့သာ အရေးကြီးပါတယ်။ စိတ်ဝင်စားမှုနဲ့ လုပ်ချင်စိတ်ကို လက်ကိုင်ထားပြီး IT နယ်ပယ်မှာ အတော်ဆုံးဖြစ်အောင် ကြိုးစားကြပါစို့။
2013 Employee
Kay Si Htun
Myanmar DCR မှကြိုဆိုပါတယ်။ အကောင်းမြင်စိတ်ရှိပြီး ကြိုးစားချင်သူ၊ ကိုယ့်ကိုယ်ကို တိုးတက်အောင်မြင်ချင်ပြီး၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း တိုးတက်အောင်မြင်အောင် ကူညီပေးချင်သူ၊ ပျော်ရွှင်နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ချင်သူ၊
2013 Employee
Maung Maung Kyi
ကျွန်တော်က ၂၀၁၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာကြောင့် Myanmar DCR မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိပါပြီ။ MDCR ရဲ့ အားသာချက်ကတော့ နယ်ပယ်အသီးသီးတွင် အတွေ့အကြုံကြွယ်ဝပြီး ကျွမ်းကျင်သော ဝန်ထမ်းများစွာရှိသည့်အတွက် အခက်အခဲတစ်ခုခုကြုံတွေ့လာပါက အမြဲတမ်း အတူညှိနှိုင်းဆွေးနွေးနိုင်မယ့် ပတ်ဝန်းကျင်ရှိနေတာပါ။
2013 Employee
Zaw Hlaing Htay
၂၀၁၂ ခုနှစ်မှာ ကျောင်းပြီးပြီးနောက် Myanmar DCR မှာ ၂၀၁၃ ခုနှစ် ဝန်ထမ်းအနေနှင့် အလုပ်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပထမအကြိမ် ဂျပန်ကို သွားပြီး customer site ရဲ့ အလုပ်သဘောသဘာဝကို လေ့လာခဲ့ပြီး မြန်မာရုံးမှာ Leader အနေနှင့် Project ကို စတင်ခဲ့ပါတယ်။
2015 Employee
Ei Thazin Htwe
Myanmar DCR မှာ ၁၀ နှစ်တာ အလုပ်လုပ်စဉ်အတွင်း IT အတွေ့အကြုံ မရှိပေမယ့်၊ လေ့လာသင်ယူခွင့်နှင့် တာဝန်၏ အရေးပါမှုတို့ကို သိရှိနားလည်ခွင့်တွေ ရခဲ့ပါတယ်။
2016 Employee
Hnin Nandar Win
အစ်မက ၂၀၁၆ ခုနှစ်တွင် MDCR ကုမ္ပဏီသို့ ဝင်ရောက်ခဲ့ပြီး ၁၀ နှစ်တာအတွင်း ပရောဂျက်များစွာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဖွဲ့လိုက် လုပ်ဆောင်နိုင်မှု၊ ဆက်ဆံရေး ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်မှု အရည်အချင်းများ တိုးတက်အောင် မြှင့်တင်နိုင်ခဲ့ပါတယ်။
2016 Employee
Sandar Thet Htar
ကျွန်မတို့၏ကုမ္ပဏီတွင် ပရောဂျက်စီမံကိန်းရေးဆွဲခြင်းမှ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်သုံးသပ်ခြင်းများအထိ အကျယ်တဝင့် လေ့လာသင်ယူနိုင်သလို နည်းပညာအသစ်တွေကိုလည်း လက်ခံကျင့်သုံးနိုင်ခဲ့ပါတယ်။
ပညာရေးကော်မတီသည် ကုမ္ပဏီစာကြည့်တိုက်ဖွင့်ပေးခြင်း၊
လိုအပ်သော သင်တန်းများကို ပို့ချပေးခြင်း၊ အကြီးတန်းဝန်ထမ်းများ၏
အတွေ့အကြုံများအား မျှဝေပေးခြင်းတို့မှတစ်ဆင့်
ဝန်ထမ်းများ၏ နည်းပညာစွမ်းရည်နှင့် ဂျပန်ဘာသာစကားစွမ်းရည်များ
တိုးတက်ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနေပါသည်။
ကုမ္ပဏီတစ်ခုရပ်တည်နိုင်ခြင်းဟာဝန်ထမ်းတွေကြောင့်ပါ။
ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်များကို အကောင်းဆုံး ဖွံ့ဖြိုးစေရန်
ကျွန်ုပ်တို့ ကြိုးစားအားထုတ်လျက်ရှိပါသည်။
သင်၏ အိုင်ဒီယာများသည် လုပ်ငန်းသစ်များကို ဖန်တီးနိုင်စွမ်းရှိပါသည်။