Q
1
|
ဝန်ထမ်းများအတွက် Training များရှိပါသလား?
ရှိပါသည်။ ကျွန်ုပ်တို့၏ ပရောဂျက်အများစုမှာ ဂျပန်customerများအတွက်ဖြစ်သောကြောင့် ဂျပန်ဘာသာစကား ကျွမ်းကျင်မှုနှင့် ITကျွမ်းကျင်မှုသည် မရှိမဖြစ်လိုအပ်ပါသည်။ အလုပ်ဝင်မီကာလအတွင်း ဂျပန်ဘာသာစကား သင်တန်းကျောင်းများသို့ သွားရောက်သင်ကြားစေပြီး အလုပ်ဝင်ပြီးနောက် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N1အဆင့်အောင်မြင်နိုင်ရန် ရည်ရွယ်၍ သင်တန်းကြေးနှင့် စာမေးပွဲကြေးများကို ကုမ္ပဏီမှ အပြည့်အဝပံ့ပိုးပေးပါသည်။ ITကျွမ်းကျင်မှုအတွက် Java၊ Python၊ SQL၊ Databases နှင့် အမျိုးမျိုးသော programming ဘာသာရပ်များကို Seminar များပြုလုပ်ပြီး သင်ကြားပေးသည့်အပြင် အတွေ့အကြုံရှိ ဂျပန်မန်နေဂျာများထံမှ နောက်ဆုံးပေါ် ဂျပန်နည်းပညာများကို လေ့လာခွင့်အခွင့်အလမ်းများလည်း ရှိပါသည်။ အခြေခံသင်တန်းများပြီးဆုံးပြီးနောက် ဝန်ထမ်းများသည် တကယ့်ပရောဂျက်များတွင် ပါဝင်ဆောင်ရွက်ပြီး On-the-Job Training (OJT) ဖြင့် ဆက်လက်လေ့လာနိုင်ပါသည်။ သင်တန်းနှင့် လုပ်ငန်းဆောင်ရွက်မှုအတွင်း နည်းပြများက ပံ့ပိုးပေးပါသည်။
Q
2
|
လစာကောင်းကောင်းရနိုင်ပါသလား?
MDCR တွင် လစာသည် ဝန်ထမ်း၏ အရည်အချင်း၊ အောင်မြင်မှုနှင့် တိုးတက်မှုအပေါ် မူတည်၍ သတ်မှတ်ပေးပါသည်။ လုပ်သက်နှင့်မသက်ဆိုင်ပဲ တစ်ဦးချင်းစွမ်းဆောင်ရည်အပေါ် မူတည်၍ လစာကို သတ်မှတ်ပေးပါသည်။ ထို့ကြောင့် လုပ်သက်၂နှစ်အတွင်း အဖွဲ့ခေါင်းဆောင်အဖြစ် တက်လာနိုင်သော ဝန်ထမ်းများလည်းရှိပါသည်။ လစာသည် IT စွမ်းရည်ကျွမ်းကျင်မှုတစ်ခုတည်းသာမက ဂျပန်ဘာသာစကားကျွမ်းကျင်မှု၊ Project Management စွမ်းရည်နှင့် Communication စွမ်းရည် စသဖြင့် အမျိုးမျိုးသော စွမ်းရည်များအပေါ်မူတည်ပြီး လစာခံစားခွင့်ကို သတ်မှတ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းရည်အပေါ် မူတည်၍ လစာခံစားခွင့် ကွာခြားမှု ရှိနိုင်ပါသည်။
Q
3
|
ဂျပန်သို့ သွားရောက်လုပ်ကိုင်ရန်အခွင့်အလမ်းရှိပါသလား?
ရှိပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလအထိ နည်းပညာရှင် ၈၀ ဦးကို ဂျပန်နိုင်ငံရှိ ကုမ္ပဏီများသို့ စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။ ဝန်ထမ်းအချို့သည် သုံးနှစ်ကျော်အထိ ဂျပန်တွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး အချို့ကတော့ Project လိုအပ်ချက်အပေါ် မူတည်၍ ဂျပန်နှင့်မြန်မာ အသွားအပြန်အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများလည်း ရှိပါသည်။ ဂျပန်သို့သွားရောက်လုပ်ကိုင်ရန် အရည်အချင်းအဖြစ် ဂျပန်စာအရည်အချင်း N2 အဆင့်အထက်ရှိရမည်ဖြစ်ပြီး IT ကျွမ်းကျင်မှုများလည်း လိုအပ်ပါသည်။ အခြားကုမ္ပဏီများသည် ဂျပန်သို့ အချိန်ပိုင်းအလုပ်သွားရန်သာ စီစဉ်ပေးသော်လည်း၊ MDCR တွင် ဝန်ထမ်းများကို ဂျပန်ဝန်ထမ်းများနှင့် တန်းတူ ဆက်ဆံကာ အလုပ်လုပ်ကိုင်ခွင့်ပေးပါသည်။ ဂျပန်တွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်းမှာလည်း မြန်မာဘက်နှင့် ဆက်သွယ်မှုကို ဆက်လက်ပြုလုပ်နိုင်ပြီး MDCR ဝန်ထမ်းအဖြစ်လည်း ဆက်လက်လုပ်ကိုင်နိုင်ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လာသည့်အခါတွင်လည်း ဂျပန်တွင် ရရှိခဲ့သော အတွေ့အကြုံများကို အသုံးချကာ Leader သို့မဟုတ် Manager အဖြစ်လုပ်ကိုင်နိုင်သော အခွင့်အလမ်းများလည်း ရှိပါသည်။
Q
4
|
အတွေ့အကြုံမရှိဘဲ ကုမ္ပဏီသို့ ဝင်ရောက်နိုင်ပါသလား?
ဝင်ရောက်နိုင်ပါသည်။ စီနီယာဝန်ထမ်းများသည်လည်း ဂျပန်ဘာသာစကားကျွမ်းကျင်မှု နည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်းနှင့် အလုပ်အတွေ့အကြုံမရှိသော အခြေအနေများမှစတင်ခဲ့ကြပါသည်။ အမျိုးမျိုးသော သင်ကြားရေးအစီအစဉ်များ၊ လုပ်ငန်းခွင်အတွင်း လေ့လာသင်ယူမှုများမှတစ်ဆင့် သူတို့သည် အရည်အချင်းများကို မြှင့်တင်ကာ အရေးပါသော ခေါင်းဆောင်များအဖြစ် တက်လာနိုင်ခဲ့ကြပါသည်။ ထို့ကြောင့် အတွေ့အကြုံမရှိဘဲ စတင်ခဲ့သူများအတွက်ပါ MDCR မှ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများနှင့် အနာဂတ်အတွက် တန်ဖိုးရှိသော လုပ်ငန်းခွင့်များကို ပံ့ပိုးပေးပါသည်။
Q
5
|
ဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်း တိုးတက်မှုအတွက် MDCR ကထောက်ပံ့ပေးပါသလား?
ပံ့ပိုးပေးပါသည်။ MDCR တွင် ဝန်ထမ်းများ၏လုပ်သက်၊ စွမ်းရည်နှင့် စိတ်ဝင်စားမှုအပေါ် မူတည်၍ သင်တန်းများ၊ လက်တွေ့ပရောဂျက်အတွေ့အကြုံများမှတစ်ဆင့် ဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်း တိုးတက်မှုကို ပံ့ပိုးပေးပါသည်။ ဝန်ထမ်းများအား မိမိကိုယ်တိုင် ဆက်လက်လေ့လာရန်၊ စိန်ခေါ်မှုအသစ်များကို လက်ခံရန်နှင့် ကုမ္ပဏီအတွင်း တိုးတက်ရန် အားဖြည့်ပေးပါသည်။ စစ်မှန်သော ကျွမ်းကျင်မှုသည် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုမှ လာသည်ဟု ယုံကြည်ပြီး၊ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားလုပ်ဆောင်သူများကို MDCR မှ တန်ဖိုးထားပါသည်။ မိမိ၏အနာဂတ်ကို တည်ဆောက်လိုသူများအတွက် ကျွန်ုပ်တို့က အပြည့်အဝ ပံ့ပိုးကူညီရန် အသင့်ရှိနေပါသည်။
Q
6
|
အလုပ် မဝင်မီ ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါသလား?
အထူးကြိုတင်ပြင်ဆင်ရန် မလိုအပ်ပါ။ အရေးကြီးဆုံးမှာ သင်၏ ခိုင်မာသောစိတ်ဓာတ်၊ လေ့လာလိုစိတ်နှင့် တိုးတက်လိုစိတ် ဖြစ်ပါသည်။ ဂျပန်ITလုပ်ငန်းများတွင် ကိုယ်ပိုင်စွမ်းရည်များကို ဖော်ပြလိုသော ပြင်းထန်သည့်ဆန္ဒရှိလျှင် လုံလောက်ပါသည်။ အလုပ်ဝင်ပြီးနောက်တွင် အခြေခံသင်တန်းများမှစ၍ လိုအပ်သမျှ သင်တန်းများ၊ လမ်းညွှန်မှုများနှင့် လုပ်ငန်းအတွက် လိုအပ်သောကိရိယာများအထိ ကျွန်ုပ်တို့မှ အပြည့်အဝ ပံ့ပိုးပေးပါသည်။ တိုးတက်လိုစိတ်ရှိသူများ၊ စိန်ခေါ်မှုများကို လက်ခံနိုင်သူများနှင့် ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ယူတတ်သူများကို MDCR မှ တန်ဖိုးထားပါသည်။