CIC / MARUI ဂျပန်စာသင်တန်းကျောင်းများနှင့် ချိတ်ဆက်ထားပြီး ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ အခြေခံအဆင့်မှ N1 အဆင့်ဖြေဆိုနိုင်ရန်အထိ ဂျပန်စာသင်ကြားမှုများကိုပြုလုပ်ပေးနေပါသည်။
ဂျပန်စာသင်တန်းများ၊ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် ကုန်ကျစရိတ်များကို ကုမ္ပဏီမှ ကျခံပေးမည်ဖြစ်ပါသည်။
ဝန်ထမ်းသစ်များ၏ IT စွမ်းရည်များ တိုးတက်စေရန် KMD Computer Center နှင့် လက်တွဲပူးပေါင်းကာ အခြေခံ Programming အသိပညာမှစတင်၍ သင်ကြားပေးလျက်ရှိပါသည်။
ICT skill နှင့်ပတ်သက်၍လည်း အခြေခံမှစ၍ OJT များအဆင့်ဆင့် ပြုလုပ်စေသော ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။
ဝန်ထမ်းများ၏ ကျယ်ပြန့်သော လုပ်ငန်းခွင်ကျွမ်းကျင်မှုရရှိရန် ကူညီပေးရန်အတွက် အပတ်စဉ်seminarများ ပြုလုပ်ပေးနေပါသည်။
စနစ်များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရန်သာမက ဂျပန်လူမျိုး Customer များနှင့် တိုက်ရိုက်စကားပြောဆိုနိုင်သော လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ပါသည်။
ထူးချွန်သောနည်းပညာရှင်များ၊ ထူးချွန်သော စီမံခန့်ခွဲမှုပညာရှင်များကို စွမ်းရည်အလိုက် ရည်မှန်းချက်အောင်မြင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါသည်။
မိမိလုပ်ငန်းနှင့်သက်ဆိုင်သော ခေါင်းဆောင်၊ မန်နေဂျာများနှင့် အချိန်မရွေး တိုက်ရိုက်ပြောဆိုဆွေးနွေးနိုင်သော အခွင့်အရေးများလည်းရှိပါသည်။
စဉ်ဆက်မပြတ် သင်ယူမှုနှင့် တိုးတက်မှုကို အထူးအလေးပေး၍ လမ်းညွှန်ပြသပေးလျက်ရှိပါသည်။
ဝန်ထမ်းတစ်ဦးချင်းစီ၏ ပရော်ဖက်ရှင်နယ်ခရီးကို ပံ့ပိုးရန် အတွေ့အကြုံရှိ ဝန်ထမ်းများမှ လမ်းညွှန်ပြသ ကူညီပေးလျက်ရှိပါသည်။
အထက်အရာရှိ ရုံးခန်းဟူ၍ သီးသန့်မခွဲခြားထားပါ။
ဒါရိုက်တာ၊ မန်နေဂျာနှင့် ဝန်ထမ်းများအားလုံး တစ်နေရာထဲတွင် တန်းတူရည်တူ အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။
မည်သည့်ကိစ္စမဆို လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်သော စီမံခန့်ခွဲမှု ဖြစ်ပါသည်။
ရာထူး သို့မဟုတ် ခေါင်းစဉ်မခွဲခြားဘဲ အတွေးအခေါ်နှင့် ထင်မြင်ယူဆချက်များကို တူညီစွာ တန်ဖိုးထားပါသည်။
ဝန်ထမ်းများ၏ အကြံပြုချက်ပေါ် အခြေခံ၍ ကုမ္ပဏီ၏ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်ရန် အလေးထားဆောင်ရွက်ပေးပါသည်။
Customer များမှာ ဂျပန်နိုင်ငံရှိ ထိပ်တန်းကုမ္ပဏီများ ဖြစ်ပါသည်။
နောက်ဆုံးပေါ် နည်းပညာများဖြင့် Project များကို ရေးသား ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။
ဂျပန် customer များနှင့် တိုက်ရိုက် ပြောဆိုဆွေးနွေး၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းကြောင့် နည်းပညာပိုင်းနှင့် ဆက်သွယ်ဆောင်ရွက်မှု စွမ်းရည်များ တိုးတက်လာစေရန် ကူညီပေးသည်။
ဂျပန်လူမျိုး မန်နေဂျာများ များပြားစွာ ရှိနေသောကြောင့်၊ ဂျပန်လူမျိုးများ၏ အတွေးအမြင်များနှင့် လုပ်ငန်းဆောင်ရွက်ပုံတို့ကို သင်ယူနိုင်သည့် အခွင့်အလမ်း ရှိပါသည်။
ဂျပန်လူမျိုးများ၏ ကျင့်ဝတ်များနှင့် ပရော်ဖက်ရှင်နယ် လုပ်ဆောင်နည်းများကိုလည်း လေ့လာနိုင်သည့် အခွင့်အလမ်းများ ရှိပါသည်။
တာဝန်ယူမှုနှင့် ကျွမ်းကျင်မှုများအပေါ် အခြေခံ၍ ဂျပန်နှင့် မြန်မာ အကြား သွားလာလုပ်ဆောင်နိုင်ပြီး၊ များစွာသောအတွေ့အကြုံများကို ရရှိစေနိုင်ပါသည်။
ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ IT အရည်အချင်းနှင့်ပတ်သက်သော ခံစားခွင့်၊ အရည်အချင်း၊ ဘွဲ့၊ လုပ်သက် အစရှိသဖြင့်ခံစားခွင့် အစရှိသဖြင့်အမျိုးမျိုးသော လစာခံစားခွင့်များလည်း ရှိပါသည်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ အစိုးရရုံးပိတ်ရက်များနှင့် MDCR အထူးအားလပ်ရက်များကို အားလပ်ရက်များအဖြစ် သတ်မှတ်ပါသည်။
လုပ်သက်ခွင့်၊ ဆေးခွင့်၊ မိသားစုကိစ္စခွင့်၊ မီးဖွားခွင့် အစရှိသဖြင့် အမျိူးမျိုးသောခွင့်များလည်း ရှိပါသည်။
ဝန်ထမ်းများအတွက် ချေးငွေအစီအစဉ်လည်း ရှိပါသည်။ (အတိုးပေးသွင်းရန်မလိုပဲ အရစ်ကျ ပြန်လည်ဆပ်နိုင်ပါသည်။)
ဂျပန်သို့အလုပ်အကိုင်စေလွှတ်သည့်အခါတွင်လည်း ကုမ္ပဏီ အနီးအနားတွင် အဆင်ပြေစွာ နေထိုင်နိုင်ရန် အဆောင်စီစဉ်ပေးပါသည်။
ကြိုတင်အကြောင်းကြားမှုဖြင့် ကြိုတင်လစာငွေထုတ်ပေးသော အစီအစဉ်များလည်းရှိပါသည်။
ဝန်ထမ်းများ၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့် လုပ်ငန်းသစ်များ စတင်နိုင်မည်ဖြစ်ပါသည်။
ကိုယ်ပိုင်ဉာဏ်ဖြင့်တီထွင်လုပ်ဆောင်နိုင်စွမ်းရှိသော ဝန်ထမ်းကို ကုမ္ပဏီမှ အပြည့်အဝအထောက်အပံ့ပြုလုပ်ပေးပါသည်။
အလုပ်စတင်ဝင်ရောက်ချိန်မှစ၍ အတွေ့အကြုံရှိ ဝန်ထမ်းများထံမှ လမ်းညွှန်မှုကို ရနိုင်ပါသည်။
ပြီးပြည့်စုံမှုထက် စိန်ခေါ်မှုနှင့် ဆန်းသစ်တီထွင်မှုကို ပိုမိုတန်ဖိုးထားပြီး၊ အနာဂတ်အခွင့်အလမ်းအသစ်များကို ရှာဖွေရန် တက်ကြွသည့် ခြေလှမ်းများကို အားပေးနှိုးဆော်ပါသည်။
ရှုံးနိမ့်ခြင်းသည် ရှက်စရာမဟုတ်ပါ။
ရှုံးနိမ့်ခြင်းကိုကြောက်ရွံ့ပြီး ရှေ့ဆက် မလုပ်ဆောင်ခြင်းသည်သာ ရှက်စရာဖြစ်ပါသည်။
ပညာရေးကော်မတီသည် ကုမ္ပဏီစာကြည့်တိုက်ဖွင့်ပေးခြင်း၊
လိုအပ်သော သင်တန်းများကို ပို့ချပေးခြင်း၊ အကြီးတန်းဝန်ထမ်းများ၏
အတွေ့အကြုံများအား မျှဝေပေးခြင်းတို့မှတစ်ဆင့်
ဝန်ထမ်းများ၏ နည်းပညာစွမ်းရည်နှင့် ဂျပန်ဘာသာစကားစွမ်းရည်များ
တိုးတက်ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနေပါသည်။
ကုမ္ပဏီတစ်ခုရပ်တည်နိုင်ခြင်းဟာဝန်ထမ်းတွေကြောင့်ပါ။
ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်များကို အကောင်းဆုံး ဖွံ့ဖြိုးစေရန်
ကျွန်ုပ်တို့ ကြိုးစားအားထုတ်လျက်ရှိပါသည်။
သင်၏ အိုင်ဒီယာများသည် လုပ်ငန်းသစ်များကို ဖန်တီးနိုင်စွမ်းရှိပါသည်။