လျှောက်လွှာစာရင်းသွင်းရန်နည်းလမ်း

Graduate Recruitment

လျှောက်လွှာစာရင်းသွင်းရန်နည်းလမ်း

စာရင်းလက်ခံမည့်ရက် : ၈-၉-၂၀၂၅ (တနင်္လာနေ့) နံနက် ၈:၀၀ မှ ၂၁-၉-၂၀၂၅ (တနင်္ဂနွေနေ့) ည‌နေ ၅:၀၀ အထိ (၁၄ရက်အတွင်းသာ)
အောက်တွင်ပါရှိသော Text Box နှစ်ခုတွင် လူကြီးမင်း၏ Email Address ကိုနှစ်ကြိမ်မှန်ကန်စွာရိုက်ထည့်၍ 【Activate Your E-mail 】 Button ကိုနှိပ်ပါ။
အဆိုပါ Email Address မှတဆင့် လူကြီးမင်းကို ဆက်သွယ်မည်ဖြစ်ပါသည်။
【Activate Your E-mail 】 Button ကိုနှိပ်ပါက အောက်ဖော်ပြပါ စာမျက်နှာ သို့ရောက်ရှိပါမည်။
အမှတ်စဉ်(၁)တွင် ဖြည့်စွက်ခဲ့သော Email Address ကို Log In ဝင်ပါ။

အောက်ဖော်ပြပါ Email ကိုလက်ခံရရှိပါမည်။
အမှတ်စဉ်(၃)မှ URL ကိုနှိပ်လျှင် အောက်ဖော်ပြပါစာမျက်နှာသို့ရောက်ရှိပါမည်။

လူကြီးမင်းသည် နိုင်ငံသားစစ်ဆေးရေးကတ်ပြား (NRC Card) ကိုကိုင်ဆောင်ပါက ပထမ Radio Button ကိုရွေးပါ။
အောက်ဖော်ပြပါအတိုင်း နိုင်ငံသားစစ်ဆေးရေးကတ်ပြားနံပါတ်ကို ဖြည့်စွက်ပါ။
နိုင်ငံသားစစ်ဆေးရေးကတ်ပြားမှလွဲ၍ အခြားသောမှတ်ပုံတင်ကတ်ကို ကိုင်ဆောင်ပါက ဒုတိယ Radio Button ကိုရွေးပါ။
အောက်ဖော်ပြပါအတိုင်း မှတ်ပုံတင်နံပါတ် ကို ဖြည့်စွက်ပါ။
မှန်ကန်စွာဖြည့်စွက်၍ 【Check Your NRC No】 Button ကိုနှိပ်ပါ။
အောက်ဖော်ပြပါ စာမျက်နှာတွင် လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပါ။။
※Upload တင်ရန် လိုအပ်သော file များမှာ-
၁။ လိုင်စင်ဓာတ်ပုံ
arrow icon  Photo.jpg
၂။ နိုင်ငံသားမှတ်ပုံတင်အရှေ့ခြမ်း
arrow icon NRC Card Front.jpg
၃။ နိုင်ငံသားမှတ်ပုံတင်အနောက်ခြမ်း
arrow icon NRC Card Back.jpg
၄။ ဘွဲ့လက်မှတ် (သို့) ဘွဲ့လက်မှတ်ထောက်ခံစာ (သို့) နောက်ဆုံးနှစ်ကျောင်းသားကတ်
arrow icon Graduation Certificate.jpg
၅။ ITPEC FE (သို့) AP Certificate
arrow icon ITPEC FE.jpg or ITPEC AP.jpg
※ တခြားတက္ကသိုလ်ဘွဲ့ရများဖြစ်ပါက မဖြစ်မနေထည့်ပေးရပါမည်။
※ ပြည့်စုံစွာဖြည့်စွက်ပြီးပါက【Apply】 Button ကိုနှိပ်ပါ။
ဖြည့်စွက်ထားသော အချက်အလက်များ ပြည့်စုံမှန်ကန်ပါက အောက်ပါ စာမျက်နှာ ကို ရောက်ရှိ၍ အောင်မြင် စွာ လျှောက်ထားပြီး ဖြစ်ပါသည်။
လျှောက်ထားပြီး ၃ရက်အတွင်း လူကြီးမင်း၏ အချက်အလက်များ နှင့်ပက်သက်၍ ကုမ္ပဏီမှ စစ်ဆေးပြီး E-mail မှတစ်ဆင့် ပြန်လည်အကြောင်းပြန်မည် ဖြစ်ပါသည်။
အကြောင်းမပြန်ခင်အချိန်အထိ အမှတ်စဉ်(၃)တွင် ပါရှိသော URLမှတစ်ဆင့် မိမိ၏ ကိုယ်ရေးအချက်အလက်များအား ပြန်လည် ပြင်ဆင်ခွင့် ရှိပါသည်။