Blood Donation Management System ကို Myanmar National Blood Centerတွင် အသုံးပြုလျက်ရှိ
နောက်ဆုံးရသတင်းများ
2018.10.30
Myanmar National Blood Center မှာ အလှူရှင်တွေဆီကရရှိတဲ့ သွေးတွေကို လိုအပ်တဲ့လူနာတွေဆီကိုအမျိုးအစားမှန်ကန်စွာနဲ့ရောက်နိုင်အောင် Blood Donation Management System ကိုအသုံးပြုနေပါတယ်။ လက်ရှိမှာလည်း System ကိုအဆင်ပြေပြေအသုံးပြုနေပြီး များစွာသောလူများအတွက် အထောက်အပံ့ဖြစ်နေပါတယ်။
Myanmar National Blood Center မှလည်း ကျေးဇူးတင်စကားကို ဝမ်းမြောက်ဝမ်းသာ လက်ခံရရှိခဲ့ပါတယ်။ Myanmar DCR အနေနဲ့ ယခုလို မြန်မာနိုင်ငံအကျိုးပြု System Development မှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံအကျိုးပြု System Development လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။
အသေးစိတ်အချက်အလက်ကို Customer ရဲ့ Facebook Page မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။