WebサイトOrdermade

Website

Website ဆိုသည်မှာ၂၄နာရီ၊ ၃၆၅ရက်တိုင်းမနားမနေအလုပ်လုပ်နေသောအရောင်းဝန်ထမ်းတစ်ဦးကဲ့သို့ပင်ဖြစ်ပါသည်။
အင်တာနက်အသုံးပြုနိုင်သည့်အခြေအနေရှိလျှင် အချိန်၊ နေရာဒေသ၊ အသက်အရွယ်၊ ယောင်္ကျားမိန်းမ မခွဲခြားဘဲ မည်သူမဆိုလွတ်လပ်စွာအသုံးပြုနိုင်သောအားသာချက်ရှိပါသည်၊၊ ကိုယ်ပိုင် Websiteမှတဆင့် လက်ရှိအချိန်ထိ ဆက်သွယ်မှုမရရှိဘူးသော Customer များထံမှလည်း တိုက်ရိုက်အဆက်အသွယ်ရရှိနိုင်မည့် ကြီးမားသောအခွင့်အရေးများ ရရှိနိုင်ပါသည်၊၊

Website များတည်ဆောက်ရာတွင်

Website တည်ဆောက်ရာတွင် အစီအစဉ်ရေးဆွဲခြင်း၊ Concept Planချခြင်း၊ Ideaစဉ်းစားခြင်း၊ ဒီဇိုင်းနှင့် နေရာချထားမှု စသဖြင့်အမျိုးမျိုးသောလုပ်ငန်းစဉ်များစွာ လိုအပ်ပါသည်။ တဖန် [ အသင့်တည်ဆောက်ထားသောဒီဇိုင်းများကို ရွေးချယ်ရုံဖြင့် Websiteများကိုလွယ်လွယ်ကူကူဖန်တီးနိုင်ပြီ ] ဟုဆိုသော Websiteများလည်း ကမ္ဘာတဝှမ်းတွင် များစွာရှိပါသည်။ အမှန်တကယ်လည်း ထိုအသင့်တည်ဆောက်ထားသော Web pageများကိုအသုံးပြုလျှင် လွယ်ကူစွာဖြင့် Website တစ်ခုရရှိနိုင်ပါသည်။
သို့သော်အသင့်တည်ဆောက်ပြီးWeb Pageများကို ဝယ်ယူအသုံးပြုရာတွင်
မိမိပြုပြင်လိုသောအပိုင်းများကို စိတ်ကြိုက်ပြုပြင်ခွင့်မရရှိခြင်း၊ အပိုင်းတခုခြင်းစီ၏ ပုံရိပ်များကိုပြုပြင်ပြောင်းလဲခြင်းများ ရရှိနိုင်မည်မဟုတ်သောကြောင့် လက်ရှိအခြေအနေအတိုင်း လက်ခံလိုက်ရမည်ဖြစ်ပါသည်။
通常ウェブサイト
MDCR 5p-Pack တွင် Customerများ၏အခက်အခဲများကိုဖြေရှင်းထားပါသည်။

MDCR 5p-Pack ဆိုသည်မှာ

基本5ページ
အခြေခံ Webpage ၅ pageဖြင့် ဖွဲ့စည်းထားခြင်း
ကုမ္ပဏီအကြောင်းအရာ၊ အချက်အလက်များရရှိယုံမျှဖြင့် လျှင်မြန်စွာ Website တစ်ခုဖန်တီးနိုင်ခြင်း
Customerနှင့် ဆွေးနွေးခြင်းများအကြိမ်ကြိမ်ပြုလုပ်၍ လိုအပ်ချက်အတိုင်းတိကျစွာလိုက်နာဆောင်ရွက်ခြင်း
အခြေခံ page၅ခုမှာ ဥပမာသာဖြစ်ပြီး Customer၏ လိုအပ်ချက်အတိုင်း လွတ်လပ်စွာပြောင်းလဲနိုင်ခြင်း
ကုမ္ပဏီအမှတ်တံဆိပ်နှင့် အချက်အလက်များဖြင့် ဒီဇိုင်းကျွမ်းကျင်သူများက ညှိနှိုင်းဆောင်ရွက်ပေးခြင်း

ဖော်ပြပါ Websiteမျိုးကို အခြေခံစျေးနှုန်း 500USD (※) ဖြင့် ပြုလုပ်ဖန်တီးနိုင်ပါပြီ။
မိမိစိတ်တိုင်းကျ Websiteကို သက်သာသောစျေးနှုန်းဖြင့် ရရှိနိုင်မည့် Packageဖြစ်ပါသည်။
(※)ထပ်တိုး pageများနှင့်ပတ်သက်၍လည်း ဆွေးနွေးဆောင်ရွက်ပေးနေပါသဖြင့် ဆက်သွယ်နိုင်ပါသည်။

MDCR 5p-Pack၏အခြေခံ

မူလစာမျက်နှာ ホームページ ကုမ္ပဏီအချက်အလက်များကို အင်တာနက်ပေါ်မှတဆင့် အမျိုးမျိုးသော Customerများထံပို့ဆောင်ပေးနိုင်ရန်ရည်ရွယ်ပါသည်။ ကုမ္ပဏီနှင့် Customerတို့အကြားအရေးကြီးသတင်းအချက်အလက်များပို့ဆောင်ပေးရာ ဝင်ပေါက်တခုဖြစ်ပါသည်။
ကုမ္ပဏီနှင့်ပတ်သက်၍ 会社概要ページ ကုမ္ပဏီနှင့်ပတ်သက်၍စာမျက်နှာ ဆိုသည်မှာ ကုမ္ပဏီ၏အသေးစိတ်အချက်အလက်များ ဖော်ပြနိုင်သည့်စာမျက်နှာဖြစ်ပါသည်။ ကုမ္ပဏီအကြောင်းသိလိုသော customerများအတွက် ကုမ္ပဏီ၏သတင်းအချက်အလက်၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ၊ သမိုင်းကြောင်း၊ ဆက်သွယ်ရန်လိပ်စာ များကို ရိုးရှင်း၍ နားလည်ရလွယ်ကူသော ပုံစံဒီဇိုင်းများဖြင့် ဖန်တီးတည်ဆောက်ကြသည်။
ဝန်ဆောင်မှုများ サービスページ ဝန်ဆောင်မှုများစာမျက်နှာ ဆိုသည်မှာ ကုမ္ပဏီမှဝန်ဆောင်မှုပေးနေသော အမျိုးမျိုးသောဝန်ဆောင်မှုများကိုမိတ်ဆက်ပေးသော စာမျက်နှာဖြစ်ပါသည်။ ယင်းစာမျက်နှာမှ ကုမ္ပဏီ၏အရေးကြီးသည့်အပိုင်းများကို ဖော်ပြ၍မိမိ cutomerများထံကုမ္ပဏီ၏ခိုင်မာမှုကို ပြသနိုင်သည့် စာမျက်နှာဖြစ်ပါသည်။ ဝန်ဆောင်မှုစာမျက်နှာကိုလည်း ရိုးရှင်း၍ နားလည်ရလွယ်ကူသော ပုံစံဒီဇိုင်းများဖြင့် ဖန်တီးတည်ဆောက်ကြသည်။
ဆက်သွယ်ရန် お問合せページ ဆက်သွယ်ရန်စာမျက်နှာ ဆိုသည်မှာ customerများထံမှ အကြံပြုချက်များ၊ မေးမြန်းစာများကိုလက်ခံရယူနိုင်မည့် စာမျက်နှာဖြစ်ပါသည်။ အချို့သော websiteများတွင် ဆက်သွယ်ရန်စာမျက်နှာမထားရှိဘဲ mail addressများထည့်သွင်းထားရှိကြသည်။ ထို့ကြောင့် အကြံပြုချက်များ၊ မေးမြန်းစာများသာမက နောက်ပြောင်ရေးသားသောအကြောင်းအရာများ ပုံစံမကျသောformများလက်ခံရရှိနိုင်ပါသည်။ ထို့ကြောင့် လိုအပ်သောမေးခွန်းပုံစံများကို အသုံးပြု၍ လွယ်ကူစွာဆက်သွယ်နိုင်ရန် ဖန်တီးရေးဆွဲထားသောစာမျက်နှာဖြစ်ပါသည်။
လတ်တလောသတင်း 新着情報ページ လတ်တလောသတင်းများစာမျက်နှာ ဆိုသည်မှာ ကုမ္ပဏီ၏နောက်ဆုံးရသတင်းအချက်အလက်များ၊ ကုမ္ပဏီမှဖန်တီးထားသည့် နောက်ဆုံးပေါ်နည်းပညာများစသဖြင့် ထုတ်ပြန်ကြေညာခြင်းဖြင့်မိမိ customerများကို ဆွဲဆောင်နိုင်သည့် စာမျက်နှာဖြစ်ပါသည်။

MDCR 5p-Pack ၏အားသာချက်များ

  မျှော်လင့်ထားသည့်ဒီဇိုင်းပုံစံ
  • Customer၏လိုအပ်ချက်နှင့်အညီ ဖန်တီးထားသော Designကိုတင်ပြခြင်း
  • ဒီဇိုင်းအတည်ပြုချက်များရယူပြီးသည်နှင့် မျှော်လင့်ထားသည့်ဒီဇိုင်းပုံစံအတိုင်းဖန်တီးရေးဆွဲခြင်း
easy ordermade
  Muiti-device များအတွက်
  • PC, Smart phone စသည့် မည်သည့် Muiti-device များတွင်မဆို ကောင်းစွာအသုံးပြုနိုင်သည့် Website ပုံစံအတိုင်းဖန်တီးရေးဆွဲခြင်း
  • မူလအရင်းမြစ်တခုကိုအခြေခံ၍ မည်သည့် device အမျိုးအစားတွင်မဆို ချုံ့နိုင်ချဲ့နိုင်သော Designပုံစံဖန်တီးရေးဆွဲခြင်း
easy ordermade
  မေးလ်ဖောင်ပုံစံအမျိုးမျိုး
  • Inquiry, sing-up, surveys, order form စသောမည်သည့်မေးလ်ဖောင်ပုံစံမဆို ထည့်သွင်းနိုင်ခြင်း
easy ordermade
  SEOစံသတ်မှတ်ချက်
  • စာမျက်နှာတိုင်းကို အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများရဲ့ စံသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ W3C Standard ကိုကိုက်ညီအောင် အခြေခံရေးသားပြီး yahoo, google စသော search engine များ၌ ရှာဖွေရာတွင် ရလဒ်ကောင်းများရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း
easy ordermade
  ဘာသာပေါင်းစုံအသုံးပြုနိုင်ခြင်း
  • ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာအသုံးပြုသော Website များကိုပါ ဆောင်ရွက်ပေးနိုင်ခြင်း
easy ordermade
  Websiteကြည့်ရှူနှုန်း
  • Websiteကြည့်ရှူနှုန်းကို အချိန်နှင့်တပြေးညီ သိရှိနိုင်အောင်ဆောင်ရွက်ပေးနိုင်ခြင်း
easy ordermade